ဦးခေါင်းပစ်ခတ်ခံရပြီးကျဆုံးသွားတဲ့ပြည်သူ ၁၂၃ဦးကျော်ရှိ

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၃ဦးကျော်ရှိတယ်လို့ Institute for Strategy and Policy-Myanmar ကထုတ်ပြန်ပါတယ်။

ဦးခေါင်းပစ်ခတ်ခံရသူ၁၂၃ဦးကျော်ဆိုတာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှတ် တမ်းကို အခြေခံထားတာဖြစ်ပြီးကျဆုံးရတဲ့ အကြောင်းအရင်း သိရှိရသူ ၉၈၁ ဦးရဲ့ ၁၂ ရာခိုင်နှုန်းအထိ ရှိတယ် လို့သိရပါတယ်။

ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် ကျဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၂ ရာခိုင်နှုန်း အထိ နဲ့အများဆုံး ဖြစ်ခဲ့ပြီး ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသဟာ စစ်ကိုင်းတိုင်း ဖြစ်ကာ အယောက်၃၀အထိ ရှိပါတယ်။

အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ပါကလုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးတွေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တယ်လို့ Institute for Strategy and Policy-Myanmarက ဆိုပါတယ်။