ကနေဒါမှာ ရာသီဥတုဆိုးရွားပြီး ရေနစ်မြုပ်မှုတွေကြောင့် ဒေသခံတွေကို ဘေးလွတ်ရာရွေ့ပြောင်း

၁၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကနေဒါနိုင်ငံ British Columbia ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေဖြစ်လို့ ကနေဒါအစိုးရဟာ ဒေသခံပြည်သူတွေကို ဘေးလွှတ်ရာမှာ ရွှေ့နေကြဖို့ အမိန့်ပေးလိုက်ပါပြီ။

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာရှိတဲ့ တံတားနှစ်စင်းဟာလည်း ရေလွှမ်းမှုကြောင့် နှစ်မြှုပ်သွားခဲ့ပြီဖြစ်ပါတယ်။ မြေပြိုမှုတွေနဲ့ ရေနစ်မြှုပ်မှုတွေဟာ စိုးရိမ်စရာအခြေအနေဖြစ်လာခဲ့လို့ အခုအခါမှာ မြို့နေ ဒေသခံပြည်သူတွေကို ဘေးလွှတ်ရာကို အကုန်ရွှေ့ကြဖို့ ကနေဒါအစိုးရက အမိန့်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့၊ တနင်္လာနေ့ကတည်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ရေကြီးမှုနဲ့ ရွှံ့နွံထူထပ်တာတွေဖြစ်လာလို့ ရေနံပိုက်လိုင်းတချို့ကိုလည်း အစိုးရက ပိတ်ခိုင်းလိုက်ပါပြီ။

နောက်ထပ် ကနေဒါနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ မားရစ်မြို့နေ ဒေသခံပြည်သူ ၇၁၀၀ ကိုလည်း အာဏာပိုင်တွေက နေရပ်ကနေ အမြန်ဆုံး ထွက်ခွာဖို့ အသိပေးထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ရေကြီးရေလျှံတာတွေနဲ့ မြေပြိုမှုတွေဟာ အခုထက် ဆက်ဖြစ်နိုင်ချေ ရှိနေတာပါ။

ကနေဒါနိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကလည်း အပူချိန် စံချိန်တင်မြင့်တက်ခဲ့လို့ လူပေါင်း ၅၀၀ ကျော်လောက် သေဆုံးမှုတွေဖြစ်ခဲ့ရပါတယ်။

အခုအခါမှာ မုန်တိုင်းဒဏ်တချို့နဲ့ မိုးကြီးမှုတွေကို ထပ်မံခံစားနေရပေမယ့် လူသေဆုံးတဲ့ဖြစ်ရပ်တွေတော့ လက်ရှိမှာ မကြားသိရသေးပါဘူး။