၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။
ဘာစီလိုနာအသင်းက မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား စတာလင်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းထွက်နေမှုတွေဟာ ရာခိုင်နှုန်းပြည့်နီးပါးသေချာသလောက်ရှိနေပါတယ်။
ကစားသမားဘက်ကတော့ မန်စီးတီးအသင်းမှာသာ ကစားဖို့ဆန္ဒရှိနေပေမယ့် သူ့ရဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေမှုတွေဟာ ဆက်လက် ရှည်ကြာနေဦးမယ်ဆိုရင် စပိန်ကလပ်အသင်းကို ပြောင်းရွှေ့သွားဖို့ ရှိနေတာပါ။
The Sun သတင်းဌာနကတော့ ကစားသမားဟာ လက်ရှိအသင်းနဲ့ပဲ အချိန်ကုန်ဖို့ ရှိနေပေမယ့် မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတော့တာက သူ့ကို စိတ်ပျက်စရာအကြောင်းအရင်းတစ်ရပ်ဖြစ်နေခဲ့တာလို့ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ စတာလင်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ စတာလင်ရဲ့ အပြောင်းအရွှေ့ဟာ နည်းပြဂွါဒီယိုလာပေါ် မူတည်နေပြီး စတာလင်ကို ပွဲထွက်ကစားခွင့် ပေးသွားမယ်ဆိုရင်တော့ ကစားသမားအနေနဲ့ ဆက်ရှိနိုင်မှာဖြစ်ပါတယ်။
လက်ရှိဘာစီလိုနာရဲ့ နည်းပြသစ် ဇာဗီကိုယ်တိုင်ကလည်း မန်စီးတီးတောင်ပံလူကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေတာပါ။
စတာလင်ကတော့ သူ့ရဲ့ ငယ်ဘဝ ရည်မှန်းချက်ဟာ အင်္ဂလန်ပြီးရင် နောက်ထပ် ပြည်ပကလပ်တစ်သင်းဆီကို သွားရောက်ကစားဖို့ မျှော်လင့်ထားတယ်လို့ အစောပိုင်းကတည်းက ဖွင့်ဟခဲ့ပါတယ်။
#မန်စီးတီး
#စတာလင်
#DNASports