လှိုင်သာယာမြို့နယ်က ကစင်အုပ်ကြီး အပစ်ခံရ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

ထက်ဆိုသူကို အမည်မသိသေနတ်သမားအဖွဲ့က စောင့်ဆိုင်းပစ်ခတ်သွားတာကြောင့် ကျည်ဆံထိမှန်ပြီး ဆေးရုံတင်ပို့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ ကနောင်မင်းသားကြီးလမ်းအတိုင်း ကားနဲ့မောင်းနှင်လာတဲ့ ကိုထက်ကို စစ်အုပ်စု စခန်းချထားတဲ့ မိုးလုံလေလုံအားကစားရုံအနီးမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သေမသေတော့မသိဘူး သေနတ်အပစ်ခံရလို့ ဆေးရုံပို့လိုက်တယ်တော့ ကြားတယ်၊ အနားမှာ စကစကတပ်စွဲထားတာ၊ အဲ့ဒါကို ရအောင်ပစ်သွားတာ အဲ့ကောင်တွေ သိတောင် မသိလိုက်ဘူး၊ အဲ့အုပ်ကြီးကတော့ တကယ်ဆိုးဆိုးဝါးဝါးပါ ဘယ်သွားသွားတပည့်တွေခေါ်သွားပြီး တပ်နဲ့ပေါင်းပြီး မိုက်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်စဉ်အနီး နာရီဝက်ကျော်အကြာမှာ အနားမှာတပ်စွဲထားတဲ့ စစ်အုပ်စုက ရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။