ကမ္ဘာပေါ်မှာ နေရပ်စွန့်ခွာသူ ၈၄သန်းအထိ တိုးမြင့်လာနေ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

အခုနှစ်ရဲ့ ပထမဆုံးနှစ်ဝက်မှာတင် ကမ္ဘာ့ပေါ်က နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် သိသိသာသာ တိုးမြင့်လာနေခဲ့တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)က ပြောပါတယ်။

ပဋိပက္ခတွေ ၊ အကြမ်းဖက်မှုတွေနဲ့ ရာသီဉတု ပြောင်းလဲမှုတွေကြောင့် ၂ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၈၄သန်းအထိ ရှိလာခဲတယ်လို့ နိုဝင်ဘာ ၁၁ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။

ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၀ နှစ်ကုန်မှာ ၈၂ ဒဿမ ၄သန်း အရေအတွက် ရှိခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလကနေ ဇွန်လအထိ အချက်အလက်တွေကို စုဆည်းထားတဲ့ UNHCR ရဲ့ အစီရင်ခံစာမှာတော့ ၈၄သန်းကျော်အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ အထူးသဖြင့် အာဖရိကနိုင်ငံက အများဆုံးဖြစ်တယ်လို့လည်း UNHCR က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာလည်း အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေအများအပြားရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်အများစုဟာ ဗဟိုအာဖရိက ၊ တောင်ဆူဒန် ၊ ဆီးရီးယား ၊ အာဖဂန်နစ္စတန်နဲ့ နိုင်ဂျီးရီးယား စတဲ့ ၅နိုင်ငံက ဖြစ်ကြတယ်လို့ UNHCR က ပြောပါတယ်။