စစ်ပြန်များနေ့မှာ ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကို လေးစားဦးညွှတ်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမေရိကန်စစ်ပြန်များနေ့မှာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်းမှာ အမေရိကန်တပ်တွေနဲ့အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တဲ့ ကချင်ရိန်းဂျားစစ်သည်တော်ဟောင်း Sara Kaba Joseph Nang Zing Htoi Wa ကို လေးစားဦးညွှတ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကထုတ်ပြန်လိုက်ပါတယ်။

ကချင်ရိန်းဂျားစစ်သည်တော်ဟောင်း Sara Kaba Joseph Nang Zing Htoi Waဟာ အသက်၉၇နှစ်အရွယ်မှာ (မကြာသေးမီက)မြစ်ကြီးနားမြို့မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပေမဲ့ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေ ဆက်လက်ရှင် သန်နေဦးမယ်လို့ ဆိုပါတယ်။

ဒီနေ့ဟာ အမေရိကန်စစ်ပြန်များနေ့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းမျိုး ဆက်အသီးသီးကို ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Sara Kaba Joseph Nang Zing Htoi Waကွယ်လွန်ချိန်မှာ ဇနီးနဲ့အတူ သားသမီး၆ယောက်၊မြေး၁၈ယောက်၊မြစ်၂၁ယောက်နဲ့ တီ၃ယောက် ကျန်ရစ်ခဲ့ပါတယ်။