စစ်တပ်လာမယ်ကြားလို့ အလောင်းတော်ကဿပ လမ်းပေါ်က ရွာ၁၅ရွာလောက် အိုးအိမ်စွန့်ခွာထွက်ပြေး

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့ကနေ လက်နက်ကြီးအပြည့်အစုံနဲ့ အကြမ်းဖက်စစ်အုပ်စုဝင်၄၀ကျော် ထွက်ခွာလာတာကြောင့် အလောင်းတော်ကဿပသွားရာလမ်းကြောင်းပေါ်က ရွာ၁၅ရွာလောက်ဟာ အိုးအိမ် စွန့်ထွက်ပြေးနေကြပြီလို့သိရပါတယ်။

စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ လမ်းဘေးလ

ယ်ကွင်းတွေကနေ ကွေ့ဝိုက်သွားကာ လမ်းမကြီးတစ်လျှောက်မိုင်းရှင်းလင်းရေးလုပ်ပြီးမှ နောက်ဆုံးကပါလာတဲ့ ကားကို ဖြည်းဖြည်းချင်း ဖြတ်သန်းမောင်းနှင်စေတယ်လို့ ယင်းမာပင်မြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

‘၁၁နာရီခွဲလောက်မှာ ယင်းမာပင်နဲ့ ၂မိုင်လောက်အကွာက ငမောင်းရွာကိုစစ်ခွေးတွေရောက်တယ်။ပေါက်ကွဲသံ အကျယ်ကြီးလည်းကြားရတယ်။ငမောင်းကနေ တစ်မိုင်လောက်ဆက်သွားရင် လည်ငေါက်လမ်းဆုံရောက်မယ်။ အဲဒီလမ်းဆုံကနေ ပုလဲကိုသွားတဲ့လမ်းနဲ့ အလောင်းတော်ကဿပသွားတဲ့လမ်းဆိုပြီးရှိတယ်။အခုထွက်ပြေးကြ တဲ့ရွာတွေက အလောင်းတော်ကဿပသွားတဲ့လမ်းပေါ်ကရွာတွေပါ’လို့ သူကပြောပါတယ်။

အလောင်းတော်ကဿပသွားရာလမ်းဘေးရှိ တမာပင်ဂွ၊ပုပ္ပါ၊မောင်းတုံ၊ပုထိုးသာ၊ရင်ပေါင်တိုင်၊ရွာသစ်နဲ့ ရွာနောင် ရွာတွေအပြင် ကားလမ်းနဲ့သိပ်မဝေးတဲ့ အတွင်းရွာ စုစုပေါင်း ၁၅ရွာလောက်ဟာ စစ်တပ်က သူတို့ဘက်လာနိုင် တယ်ဆိုတဲ့ သတင်းအရ ဒီနေ့ ၁၁နာရီကျော်ကစလို့ ကြိုတင်ထွက်ပြေးနေကြတာလို့ သိရပါတယ်။

၁၁နာရီခွဲလောက်က ငမောင်းရွာဘက်မှာ ကြားရတဲ့ ပေါက်ကွဲသံကိုမူ ဘာ့ကြောင့်ပေါက်ကွဲသလဲမသိသေးပေ။

‘စစ်တပ်ကရွာဝင်ရင် ပြည်သူသတ်တယ်။ပစ္စည်းတွေဗြောင်လုတယ်။အဲဒါကြောင့် ရွာသားတွေက စစ်တပ်အသံ ကြားတာနဲ့ကို ထွက်ပြေးကြတယ်’လို့ ပုလဲမြို့ခံတစ်ဦးကပြောပါတယ်။

ဒီနေ့မှာ ပုလဲမြို့ပေါ်ကို စစ်တိုင်းမှူးလာမယ်ဆိုတဲ့သတင်းလည်းကြားနေရသလို ဂန့်ဂေါ ခလရ၅၀ကနေ ပုလဲ- ဂန့်ဂေါကားလမ်းအတိုင်း စစ်ကား ၃၂စီးဆင်းလာနေတယ်ဆိုတဲ့သတင်းကိုလည်း ကြားနေရတယ်လို့ ယင်းမာ ပင် တက်ကြွလှုပ်ရှားသူကဆိုပါတယ်။

‘စစ်တိုင်းမှူးလာမှာမို့ စစ်သားတွေပုလဲသွားနေကြသလားတော့ မပြောတတ်ဘူး’လို့ သူကပြောပါတယ်။