၁၀၊ နိုဝင်ဘာ၊ ၂၀၂၁။
အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ပေါင် ၆၈ သန်းနဲ့ ခေါ်ယူဖို့ အခြေအနေဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ အသင်းဘက်အကြား ညှိနှိုင်းမှုတွေမှာ အဆင်မပြေဖြစ်နေလို့ ခက်ခဲနေတယ်လို့ သိရှိရပါတယ်။
Daily Mail သတင်းဌာနကတော့ အာဆင်နယ်အသင်းဘက်က ကစားသမားအတွက် ဆွေးနွေးဖို့ ဖုန်းခေါ်ဆိုမှုတွေကို အေးဂျင့်တွေဘက်က ငြင်းဆန်နေတာကြောင့် ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီကစားသမားကို အာဆင်နယ်အသင်းအပြင် စပါးအသင်းကလည်း အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒါအပြင် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းကလည်း တိုက်စစ်မှူးရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်နေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့အလွန်မှာ တိုက်စစ်နေရာအတွက် အသက် ၂၁ နှစ်အရွယ် ဗလာဟိုဗစ်က အသင့်တော်ဆုံးအဖြစ် ယုံကြည်နေတာပဲဖြစ်ပါတယ်။
ကစားသမားဘက်က လက်ရှိဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းပယ်ထားတာဖြစ်တာကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။