ဦးရဲထွဋ် အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အဖမ်းခံရတယ်ဆိုတဲ့သတင်းဟာ မဟုတ်ဘူးလို့ ဦးရဲထွဋ်နဲ့ နီးစပ်သူ တစ်ဦးက Delta News Agency ကို ပြောပါတယ်။

ဦးရဲထွဋ်ကို ဒီနေ့မနက်၃နာရီလောက်တုန်းက အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက သူ့နေအိမ်မှာ လာဖမ်း သွားပြီး ဘာ့ကြောင့်လာဖမ်းသလဲမသိသေးဘူးလို့ မီဒီယာတချို့မှာ ဖော်ပြခဲ့ကြပါတယ်။

‘အခုပဲ သူ(ဦးရဲထွဋ်)နဲ့ ဖုန်းရတယ်။ဒီအချိန်မှာ ကျွန်တော့်ကိုလာဖမ်းရင်ကျွန်တော်သူရဲကောင်းဖြစ်သွားမှာပေါ့လို့ ရယ်ရယ်မောမောနဲ့ပြောနေသေးတယ်’လို့ ဦးရဲထွဋ်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒီနေ့မနက်၉နာရီ၄၈မိနစ်မှာ ဦးရဲထွဋ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ‘မနက်ခြောက်နာရီခွဲထပြီး လမ်းလျှောက်တယ်။ ပြန်ရောက်တော့ သတင်းလူသားဖြစ်နေပါလား။ ဆရာမင်းသိင်္ခ စကားငှားသုံးရရင် ဘာဘာ ဘာမှ မဖြစ်ဘူး’လို့ရေးသားထားပါတယ်။

ဦးရဲထွဋ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ‘မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်လက် လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ(၂၀၁၀-၂၀၁၆)စာအုပ်ကိုထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ထဲမှာ အများပြည်သူ မသိရှိနိုင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ဦးသိန်းစိန်နဲ့သူရဦးရွှေမန်းတို့ရဲ့ပဋိပက္ခ၊စစ်အစိုးရလက်ထက်အဂတိ လိုက်စားမှု၊ပြည်ခိုင်ဖြိုးပါတီနဲ့အဂတိပြဿနာ၊ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ဦးသန်းရွှေ ဘယ်လိုရပ်ခဲ့သလဲ၊စတဲ့ အကြောင်းအရာတွေကိုဖော်ထုတ်ရေးသားခဲ့ပါတယ်။