၉၊ အောက်တိုဘာလ၊ ၂၀၂၁။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်း ဒီနေ့ကစပြီး ကျောင်းနဲ့ရုံး မတက်ကြတော့ဖို့ မြစ်ကြီးနား စကစ တိုက်ဖျက်ရေးအထူးအဖွဲ့က နောက်ဆုံးအနေနဲ့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ကနေစပြီး စစ်ဆင်ရေးလိုအပ်ချက်အရ နေ့ညမရှောင် နေရာအနှံ့မှာ အမှန်တကယ်ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မှာဖြစ်ကြောင်း ဆရာတွေ၊ကျောင်းသားမိဘတွေနဲ့ ဝန်ထမ်းတွေအားလုံးကို နောက်ဆုံးအကြိမ် သတိပေးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
‘ထုတ်ပြန်ချက်ထဲမှာ တစ်ခါတည်းပြောပြီးသားပါ။မလိုက်နာရင် တစ်ခုခုဖြစ်လာရင် တာဝန်မယူဘူးဆိုတာ။ဒီနေ့ ကစပြီးကိုယ့်သမိုင်းကိုယ်ရေးလို့ပြောလိုက်တာပါပဲ’လို့ မြစ်ကြီးနားမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ၇ရက်နေ့က မြစ်ကြီးနားအထက(၇)ကျောင်းကို ပြည်သူမထိခိုက်စေဘဲ သတိပေးတဲ့အနေနဲ့ ညဘက်မှာ ပေါက် အားပြင်းမိုင်းဖောက်ခွဲခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနားမြို့နယ်ထဲမှာ ဒီနေ့အချိန်ထိ ကျောင်းတက်သူနဲ့ ရုံးဝန်ထမ်းတွေရှိနေသေးလို့ အခုလိုသတိပေးခြင်းဖြစ် ပါတယ်။