၈၊ အောက်တိုဘာလ၊ ၂၀၂၁။
မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်း ထပ်လောင်း ပြောကြားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်က ၂၀၂၀ရွေးကောက်ပွဲတစ် နှစ်ပြည့် ကြေညာချက်မှာ ဖော်ပြထားပါ တယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ နဲ့မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူလူထုကြီးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂုဏ်ပြုကြောင်း ဖော်ပြထားသလို အဲဒီကိစ္စရပ်တွေနဲ့ တခြားသော ဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုပါတယ်။
၂၀၂၀ရွေးကောက်ပွဲမှာ ရတက်ပွားစရာ တချို့ရှိပေမဲ့ အများကယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာ ပြည်သူတွေရဲ့ သံန္နိဌာန်ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့် သူတွေက အစီရင်ခံခဲ့ကြောင်းဖေဖော်ဝါရီ ၁ ရက် နေ့၊စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ အများလက်ခံယုံကြည်တဲ့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုများဟာ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့ကြောင်း လည်းကြေညာချက်မှာဖော်ပြထားပါတယ်။