၈၊ အောက်တိုဘာလ၊ ၂၀၂၁။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့အာဏာပြည်သူ့ထံပြန်လည်အပ်နှင်းနိုင်ရေးနဲ့ အာဏာရှင်စနစ် အောက်ကနေ အပြီးတိုင်လွတ်မြောက်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တာ ဝန်ကျေပွန်စွာဆက်လက်ထမ်းဆောင်သွားမယ်လို့ဆိုပါတယ်။
နိုဝင်ဘာ၈ရက်နေ့၊၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတစ်နှစ်ပြည့်၊နှစ်ပတ်လည်နေ့အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ဗဟိုအလုပ်ကော်မတီက သဘောထားကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုပြည်သူကို ကတိသစ္စာပြု လိုက် ခြင်းဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံးက စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်ကန့်ကွက်နေကြတဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကောင်းစွာသိရှိပြီး အထူးလေးစားအားထားကြောင်းလည်း ဆိုပါတယ်။
၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ရာခိုင်နှုန်းကျော် ရွေး ကောက်တင်မြှောက်ခံခဲ့ရပြီးဖေဖေါ်ဝါရီ၁ရက်နေ့မှာ စတင်ကျင်းပမယ့်တတိယအကြိမ်လွှတ်တော်အစည်းအဝေး တွေ တက်ရောက်ဖို့ဆောင်ရွက်နေစဉ် စစ်ခေါင်းဆောင်တစ်စုက မဲစာရင်းမှားယွင်းတယ်လို့အကြောင်းပြပြီးလက် နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကိုလုယက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊လွှတ်တော်အ မတ်တွေ၊ပါတီဝင်တွေ၊အာဏာရှင်စနစ်ကိုမလိုလားတဲ့ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်တာတွေ ဒီနေ့ တိုင် နှောက်ယှက်ကျူးလွန်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။