သတင်းဒိုင်ဂျက်(အောက်တိုဘာ၃၁-နိုဝင်ဘာ၆) 

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အောက်တိုဘာ၂၉ကစလို့ ပြည်သူအားလုံး အံတင်းတင်းကြိတ်မျက်ရည်ကျခဲ့ရတဲ့ ချင်းပြည်နယ်၊ထန် တလန်မြို့ မီးလောင်တိုက်အသွင်းခံရမှုဟာ အောက်တိုဘာ၃၁မှာလည်း တိုက်ပွဲအရှိန်ပြင်းမြဲပါပဲ။

မြန်မာနိုင်ငံ မြို့ကြီးတွေက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ထန်တလန်အတွက်သွေးကြွေး ပြန်ဆပ်မယ်ဆိုတာ တော်လဲသံပမာ မြည်ဟီးခဲ့ကြတယ်။ ပြီးတော့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု။ကျောင်းမတက်ဖို့ နှိုးဆော်ချက်တွေနဲ့ အောက် တိုဘာ၃၁ဆိုတာလည်း အရင့် အ ရင့်နေ့တွေလိုပဲ ရဲရဲတောက်ရှေ့ဆက် ခဲ့ ကြတယ်။

နိုဝင်ဘာ၁ရက်နေ့ကတော့ ဒုတိယအကြမ်မြောက်အခြေခံပညာကျောင်းတွေပြန်ဖွင့်တဲ့နေ့မို့ မီဒီယာ တွေက မြန်မာနိုင်ငံအနှံ့ကကျောင်းတွေကို မျက်လုံးဒေါင့်ထောက်ကြည့်ကြတယ်။မျှော်လင့် ထားကြ သလိုပါပဲ ၊တစ်နိုင်ငံလုံးကကျောင်းတက်တဲ့ဦးရေဟာ ကျောင်းတစ်ကျောင်းစာတောင် ရှိပါ့မလား ၊ကျောင်းတွေဟာ ကျောင်းတွေနဲ့မတူ ခြောက်ခြောက်ခြားခြား။

အဲဒီလို စစ်အုပ်စုခြောက်ခြားနေရတဲ့နေ့မှာပဲ ထန်တလန်တိုက်ခိုက်မှုကို အမေရိကန်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သလို ကုလဆိုင်ရာအမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ် ချတ်ဆန်မြန်မာနိုင်ငံလာ မယ် လို့လည်း ကြားရပြန်တယ်။

သူ့ရဲ့ပုဂ္ဂလိကခရီးစဉ်၊ကိုဗစ်နဲ့လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး စစ်အုပ်စု နဲ့ ဆွေးနွေးမယ်တဲ့ ။သူ့ရဲ့ပုဂ္ဂလိကခရီးစဉ်ဆိုပေမဲ့ မင်းအောင်လှိုင်နဲ့တွေ့မှာမို့ နိုင်ငံရေးအကဲခတ်ချက်တွေပါမှာ လို့ကောက်ယူမှုတွေလည်းရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေး နိုင်ငံတကာရဲ့ ဆောင်ရွက်မှုတွေဟာ ဆက်တိုက်ကျရှုံးနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRWရဲ့ အာရှဒေသဆိုင်ရာလက်ထောက်ညွှန်မှူးရဲ့ပြောကြား ချက်က တော့ မြန်မာခံတွင်းနဲ့လိုက်ဖက်နေပါတယ်။

ထန်တလန်မှာစစ်အုပ်စုက အင်အားအလွန်အကျွံသုံးတာဟာ လူသား ဖြစ်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှု၊မြန်မာ့အရေးကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC လွှဲသင့်ပြီတဲ့။

ဒီလိုအသံ မျိုး ကို နိုင်ငံတကာစင်မြင့်ထက် ကြားခဲ့ဖူးတာကြာပြီဖြစ်သလို နေ့စဉ်ငရဲကိုအံတုနေရတဲ့ မြန်မာပြည်သူတို့ က ICC ၊ICJ နေ့စဉ်မျှော်လို့ နေ့စဉ်မောနေရပါတယ်။ တစ်ဖက်မှာလည်း ဘီလ်ရစ်ချတ်ဆန် နဲ့မင်းအောင်လှိုင် နိုဝင်ဘာ၂ရက်မှာတွေ့တာဘာထူးသလဲ ။

ဘီလ်ရစ်ချတ်ဆန်ရောက်လာရင် အဖမ်းခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster လွတ်မြောက် နိုင်မလားမျှော်လင့်ကြ။သူတို့တွေ့ပြီးနောက်တစ်ရက် Danny Fenster ရဲ့ အာမခံလျှောက်ထားမှုကို ပယ်လိုက် ရုံတင်မက နောက်တစ်မှုပါထပ်တိုးပြီး အမေရိကန်နားရွက်ကို မမီမကမ်းနဲ့ မင်းအောင်လှိုင်တံတွေး လှမ်း ဆွတ်တယ်။

နိုဝင်ဘာ၄ရက်ရောက်တော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့သတင်းစာရှင်းလင်းပွဲက စစ် အုပ်စုကို ထပ်အရှက်ရပြန်တယ်။အာဏာမသိမ်းမီလေးတင် မြန်မာမှာ ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးနဲ့ ဒုက္ခ ရောက်နေသူတွေကို ပံ့ပိုးကူညီရေးအတွက် IMFပေးထားတဲ့ ကန်ဒေါ်လာ ၃၇၂သန်း စာရင်းဇယားမရှိ ဘယ် ပျောက်နေပြီလဲလို့ IMF ပြောခွင့်ရကမေးခွန်းထုတ်လိုက်တယ်။

၂၀၂၀ဇွန်တုန်းက တစ်ခါ ကန်ဒေါ်လာ၃၅၆သန်းပေးခဲ့ပြီးသား။မပေးခင်ကတည်းက ဘယ်နေရာမှာ ဘယ်လိုသုံးသလဲဆိုတာ စာရင်းဇယားတွေတင်ပြဖို့ NLDအစိုးရနဲ့ သဘောတူပြီးသား။

လူလိုမသိ၊နိုင်ငံတကာ အမြင်မရှိတဲ့ အကြမ်းဖက်စစ်အုပ်စုကျတော့ ဒီလိုတွေလည်း ဘယ်နားလည်မလဲ။ငါ့လက်ထဲရောက်တဲ့ပိုက်ဆံ ငါ့ဘာသာကြိုက်တာသုံးမှာပဲဆိုပြီး လူမိုက်ဆန်ဆန်ပဲတွေးမှာပေါ့။

နိုဝင်ဘာ၄ရက်နေ့မှာပဲ Mytel အကြီးအကဲ ဗိုလ်မှူးဟောင်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်။PDFတွေပဲ လုပ်ကြံလိုက်တာလား၊နောက်ထပ်ထွက်လာတဲ့သတင်းအရ သူတို့ချင်းကြားငွေကြေး အရှုပ်တော်ပုံကြောင့် လား။

Mytel ရဲ့ ဘဏ္ဏာရေးအရာရှိချုပ် အသတ်ခံရပြီးနောက် စစ်ကားလေးတစ်စီးတောင်မလာတာလည်း ထည့်သွင်း စဉ်းစားချင်စရာအချက်ပါပဲ။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က စစ်အုပ်စုက ပြည်သူကိုတိုက်ခိုက်တာတွေမရပ်လို့ အခုလိုအစွန်းရောက်လုပ်ရပ်တွေဖြစ်လာတယ်လို့ဆိုသလို စစ်တပ်ကနေ ပင်စင်ယူထားတဲ့အရပ်သားတစ်ဦး ကို အကြမ်းဖက်သတ်ဖြတ်တဲ့လုပ်ရပ်အပေါ် လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ဝေဖန်ချက်ဟာလည်း ထည့်သွင်း စဉ်းစား သင့်တဲ့အချက်ပါပဲ။

NUG ကတော့ နိုဝင်ဘာ၄မှာ နွေဦးထီ၊အခွန်ကိစ္စနဲ့ ငွေတိုက်စာချုပ် အရောင်းမြှင့်တင်ရေးသတင်း စာရှင်းလင်းပွဲနဲ့အလုပ်ရှုပ်နေပုံရတယ်။ စစ်အုပ်စုကတော့ အောင်ဘာလေလည်းပြာ၊Mytel ဆိုတာလည်း အာဏာသိမ်းပြီး၃လအတွင်း ကန်ဒေါ်လာ၂၅သန်းနီးပါး ထိခိုက်ခဲ့တယ်တဲ့။Justice For Myanmar ရဲ့ နိုဝင်ဘာ၅ရက်နေ့ထုတ်ပြန်ချက်၊၃လ အတွင်းMytelသုံးစွဲသူ၂သန်း နီးပါးဆုံးရှုံးခဲ့တယ်တဲ့။

နိုဝင်ဘာ၅ရက်နေ့မှာပဲ ကြေညာချက်တွေနင်းကန်ထုတ်နေတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ PPSTက တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်ရောက်နေပြီ နဲ့ထန်တလန်အ ရေး ပြင်းထန်စွာကန့်ကွက်ကြောင်းထုတ်ပြန်လိုက်တယ်။ဟုတ်ပြီ၊အဲဒီလိုဆို ဘာဆက်လုပ်မှာလဲလို့ ပြည်သူ တွေ မေးရင် ခပ်ပြတ်ပြတ်ဖြေနိုင်ပြီလား၊မျှော်လင့်ရတော့မှာလား။

အဲဒီလိုပဲ ဆက်မျှော်လို့ကောင်းတာက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေး မှု ယန္တယား (IIMM) အကြီးအကဲရဲ့ နယူးယောက်မြို့သတင်းစာရှင်းပွဲကစကားပါ။အနောက်ကမ္ဘာက နိုဝင်ဘာ၅ရက်နေ့စကားဟာ အရှေ့ခြမ်းမြန်မာဆီ နိုဝင်ဘာ၆ရက်နေ့မှရောက်တယ်။

IIMMအကြီး အကဲက ကနဦးရရှိထားတဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုး ဖောက်မှု တွေဟာ အရပ်သားပြည်သူတွေအပေါ် စနစ်တကျပစ်မှတ်ထား တိုက်ခိုက်တဲ့လက္ခဏာတွေ တွေ့ရပြီး လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်ကြောင်း ပါတဲ့။

ကျနော်တို့ ဆက်မျှော်ရဦးမယ့်စကားတွေပါ ပဲ။နယ်မြေမလုံခြုံမှုနဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွါထွက်ပြေးနေရ တဲ့သူ၂သိန်းကျော်ကို အကူအညီပေး နိုင်ဖို့ အင်မတန်ခက်ခဲနေဆဲဆိုတဲ့ ကုလရဲ့သတင်းထုတ်ပြန်မှုကလည်း ဆက်လက်စောင့်မျှော်ရဦးမယ့်တစ်ခုပါပဲ။

ဒီတစ်ပတ်သတင်းတွေကိုပြန်ချုပ်ရမယ်ဆိုရင် နိုဝင်ဘာ၂ရက်နေ့၊အာဆီယံစာရင်းစစ်ချုပ်ရုံး အစည်း အဝေးမှာ စစ်အုပ်စုဒုခေါင်းဆောင်စိုးဝင်းက အာဆီယံအထူးသံကို ‌ေုါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင် ဘူးလို့ ထပ်ပြောခဲ့ခြင်းအရ မသေမချင်းအာဏာပြန်မပေးဆိုတဲ့လမ်းပေါ်မှာသာ စစ်အုပ်စုစုံရပ်နေတာသေချာ သွားသလိုကျနော်တို့ပြည်သူတွေကတော့ မျှော်မယ်ဆိုမျှော်လို့ရတဲ့ ဘယ်အချိန်ရောက်လာမယ်မှန်းမသိတဲ့ မျှော်လင့်ချက်တွေ နဲ့ ရှေ့ဆက်ရပါဦးမယ်။