ထန်တလန်မြို့ပေါ် လက်နက်ကြီးကျည် ထပ်ကျ၊မိဘမဲ့ဂေဟာအပါအဝင် အိမ်၄လုံး မီးသင့်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အိမ်၁၆၀ကျော်မီးလောင်တိုက်အသွင်းခံရတဲ့ ချင်းပြည်နယ်၊ထန်တလန်မြို့ပေါ် ယမန်နေ့က လက်နက်ကြီးကျည်ထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် မိဘမဲ့ဂေဟာအပါအဝင် လူနေအိမ်၄လုံး မီးလောင်သွားတယ်လို့သိရပါတယ်။

အောက်တိုဘာ၂၉ရက်နေ့မှာ စစ်အုပ်စုလက်ချက်နဲ့ ခရစ်ယာန်ဘုရားကျောင်းအပါအဝင် အိမ်၁၆၀ကျော် မီးလောင် ခဲ့ပြီးနောက် ၁၀ရက်တောင်မပြည့်သေးတဲ့ နိုဝင်ဘာ၆ရက်နေ့မှာ ထပ်မံမီးလောင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ၆ရက်နေ့မနက်မှာ စစ်အုပ်စုတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်(CNF)တို့တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးဒဏ်ကြောင့် မီးလောင်ခဲ့တာလို့သိရပါတယ်။

‘ရှင်းရှင်းလေးပါပဲ။လက်နက်ကြီးကျည်ဆိုတာ ပြည်သူ့ပိုက်ဆံကိုသိမ်းပိုက်ပြီးဝယ်ထားနိုင်တဲ့ စစ်ခွေးတွေပဲပိုင် တာပါ။တိုက်ပွဲဖြစ်ရင် ဘယ်သူမှမထိလည်းလူနေအိမ်တွေထိလည်း မနည်းဘူးဆိုတဲ့စိတ်ဓာတ်နဲ့ လက်နက်ကြီး နဲ့ပစ်တာ ဖက်ဆစ်တပ်ရဲ့စိတ်ဓာတ်ပါပဲ’လို့ချင်းပြောက်ကျားတစ်ဦးကပြောပါတယ်။

ထန်တလန်မြို့ခံအားလုံးလိုလိုဟာ ထန်တလန်မြို့ကိုပစ်ကာ အိန္ဒိယနယ်စပ်ဘက်စစ်ရှောင်နေရပါတယ်။

စက်တင်ဘာ၁၈ရက်တုန်းက အိမ်၁၉လုံးမီးလောင်ပြီးသင်းအုပ်ဆရာတစ်ဦးကို စစ်အုပ်စုက သတ်ပစ်ခဲ့ပါတယ်။