မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုအမှန် IIMM ရရှိထားတဲ့အချက်အလက်ထက် ပိုများနိုင်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေဟာ လောလောဆယ် ရရှိထားတဲ့ အချက်အလက်တွေထက် ပိုမိုများပြားဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ပြောပါတယ်။

IIMM ကို နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အချက်အလက်တွေ စုဆောင်းဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထူထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ မှာ လုပ်ငန်း ‌တွေစတင်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အမေရိကန် ရှေ့နေ တစ်ဦးခန့်အပ်ပြီး ဓာတ်ပုံ၊ ဗီဒီယို၊ သက်သေခံ ထွက်ဆိုချက်တွေ ၊လှုမှု မီဒီယာတွေ အပါအဝင် အထောက်အထားတွေ စုဆောင်းဖို့ တာဝန်ပေး ခန့်အပ်ထားပါတယ်။

 အဲဒီ အထောက်အထား စုဆောင်းရေးအဖွဲ့ကို ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မကြာခင်မှာ Facebook နဲ့ စတင်ချိတ်ဆက်ကာ ပုံမှန်တွေ့ဆုံကြပါတယ်။အလိုရှိလို့ တောင်းဆိုတာတွေကို Facebook ဆီက ရတာတချို့ရှိသလို၊ မရတာတွေလည်း ရှိကြောင်း  အမေရိကန် ရှေ့နေကပြောပါတယ်။

IIMM အနေနဲ့  စစ်အာဏာသိမ်း ပြီးတဲ့နောက် မြန်မာ နဲ့ ဆက်သွယ်မှု အကြိမ်ပေါင်း နှစ်သိန်းကျော်၊ အချက်အလက် အထောက်အထားပေါင်း တစ်သန်းခွဲကျော် စုဆောင်းရရှိထားပြီးအဲဒီအထောက်အထားတွေကို မြန်မာနိုင်ငံအတွင်းက လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ၊ဆိုးရွားလှတဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာကို တင်ပြနိုင်မှာဖြစ်တဲ့အကြောင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေ အပေါ် စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ရာဇဝတ်မှု အထောက်အထားတွေ လည်းရရှိထားတဲ့အကြောင်းလည်းသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် စပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။