တမူးခရိုင်တိုက်ပွဲ အရာခံဗိုလ်တစ်ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊တမူးခရိုင်အတွင်း စစ်အုပ်စုယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခြင်းခံရပြီး အရာခံဗိုလ်တစ်ဉီး သေဆုံးခဲ့ တယ်လို့သိရပါတယ်။

ယမန်နေ့မွန်းလွဲ၁နာရီလောက်က ကလေးမြို့ကနေ တမူးဘက် မောင်းနှင်လာတဲ့ စစ်ကားလေး၂စီးကို ကြိုတင်သတင်းအရ PDF-တမူး တပ်ရင်း(၃)က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ Myanmar Federal Army-TAMU က သတင်းထုတ်ပြန်ပါတယ်။

တမူးခရိုင်၊ဝိတုတ်ကျေးရွာနဲ့ ရန်လင်းဖိုင်ကျေးရွာကြားကို စစ်ယာဉ်တန်း အရောက် မိုင်းဖောက်ခွဲပြီးနောက် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေပြီး ၃ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

စစ်အုပ်စုဟာ သေဆုံးသူကို ချန်ထားခဲ့ပြီး ဆုတ်ခွါထွက်ပြေးခဲ့ရာ သေဆုံးနေသူမှာ ခလရ-၈၉ က ဒုအရာခံဗိုလ် ဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူထံကနေ MA3တစ်လက်၊ကျည်ဘောက်၃ခု၊ကျည်ဆန်တချို့ ၊ဖုန်းတစ်လုံးနဲ့ ငွေအနည်းငယ်သိမ်း ဆည်း ရမိခဲ့ပြီး PDF ဘက်က ထိခိုက်မှုလုံးဝမရှိပါဘူး။