မြန်မာစစ်ရှောင်၄၀၀ကျော်နေနိုင်မည့် တန်းလျားရှည် အိန္ဒိယဘက်ခြမ်းမှာ တည်ဆောက်နေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ရိခေါ်ဒါရ်မြို့တစ်ဖက်ကမ်းက အိန္ဒိယ နိင်ငံထဲမှာ မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်နေထိုင်နိုင်မယ့်တန်းလျားရှည် ၂ လုံးတည်ဆောက်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တစ်ဖက်ကမ်း အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုးခေါ်သာရ်ရွာမှာ တည်ဆောက်နေတာလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်မှာ Zalen ကဖော်ပြပါတယ်။

စစ်ဘေးရှောင်အများစုဟာ ဇိုးခေါ်သာရ် ရွာထဲက ဆွေမျိုးအိမ် ဒါမှမဟုတ် အိမ်ခန်း‌တွငှားရမ်းနေထိုင်ကြပြီး ကျေးရွာကျောင်း ၄ ကျောင်းမှာ နေထိုင်ကြသူတွေလည်းရှိပါတယ်။

လက်ရှိ ဇိုးခေါ်သာရ်ရွာမှာ မြန်မာစစ်ဘေးရှောင် တစ် ထောင်လောက်ရှိတယ်လို့ Zalen ကဆိုပါတယ်။

အလှူငွေအဝင်နည်းတဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေအတွက် Zalen မီဒီယာနဲ့ စေတနာရှင်တွေလှူဒါန်းတဲ့ ကျပ်၅သိန်းကျော်ကို နိုဝင်ဘာ၄ရက်နေ့က လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။