ဟူသီသူပုန်တွေဟာ ယီမင်နိုင်ငံ မာရစ်ဘ်မြို့ က ဗလီဝတ်ကျောင်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူ ၂၉ ဦးအထိ ရှိခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်၊ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆော်ဒီစစ်တပ်နဲ့ ယီမင်စစ်တပ်ကို ဟူသီသူပုန်တွေက ပြန်လည်ပြီး လက်စားချေမှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီနဲ့ ယီမင်တို့ဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေကို ပူးပေါင်း ထိုးစစ်ဆင် ဖြိုခွင်းခဲ့လို့ ဟူသီသူပုန် နှစ်ရာ့နှစ်ဆယ်နီးပါး သေဆုံးသွားခဲ့ရပါတယ်။
ဟူသီသူပုန်တွေဟာ အခုလို ဆော်ဒီနဲ့ ယီမင်စစ်တပ်ကို လက်စားချေမှုတွေ ပြုလုပ်တုံ့ပြန်ခဲ့ပေမယ့် ထိခိုက်မှုမှာ အရပ်သားအများအပြားပါဝင်နေခဲ့ရတာပဲဖြစ်ပါတယ်။
လက်ရှိမှာ မာရစ်ဘ်မြို့အတွင်း နှစ်ဖက် ထိတွေ့မှုတွေ ပိုမိုများပြားလာခဲ့ဖြစ်လို့ မြို့နေ ပြည်သူတွေဟာ ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေကြရပြီပဲဖြစ်ပါတယ်။