နိုင်ငံရေး

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာ စစ်ကောင်စီစခန်းကို ဝင်တိုက်ရာက ပီဒီအက်ဖ်တဦးကျဆုံး

ဇွန်၊ ၁၁   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တပ်ရင်း (၂)၊ တပ်ခွဲ (၁)က တပ်ခွဲမှုး ဗိုလ်နကွင်းက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရွာကို ရက်ဆက်မီးရှို့နေ

ဇွန်၊ ၁၁   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်က ညောင်ပင်ကြီးရွာ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်က တိုက်ခိုက်ခံခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဲဒီရွာကို ရက်ဆက်မီးရှို့နေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ကိုစစ်ငြိမ်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန်းမှာ လယ်ယာမြေ အကွက်ရိုက်ရောင်းချတာတွေအရေးယူမယ်ဆိုတာကြောင့် အရောင်းအဝယ်အေးနေ

  ဇွန် ၊ ၁၁ မန္တလေးတိုင်း ၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို အရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့  ကြေညာချက်ကြောင့် လတ်တလောမှာ မြေအရောင်းအဝယ်စျေးကွက် အေးသွားတယ်လို့အကျိုးဆောင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။ “ လူတွေက အဲဒီဂယက်ကြောင့် နည်းနည်းတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဇီကြီးရွာအတွက် ဝမ်းနည်းကြောင်းအနက်ရောင်ပရိုဖိုင်ပြောင်းခဲ့တဲ့ မေပန်းချီကို စစ်တပ်ကထောင်သုံးနှစ်ချ

ဇွန် ၊ ၁၁ ပြီးခဲ့တဲ့ ဧပြီလတုန်းကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့တဲ့ ပဇီကြီးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးဝမ်းနည်းကြောင်းအနက်ရောင်ပရိုဖိုင်ပြောင်းလဲခဲ့တဲ့သရုပ်ဆောင်မေပန်းချီကို အခုရက်ပိုင်းမှာ စစ်ခုံရုံးက ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းတွေ သိရပါတယ်။  ဧပြီလနောက်ဆုံးပတ်က  စစ်ကောင်စီလော်ဘီချယ်နယ်တွေရဲ့ ဖမ်းဆီးဖို့ နှိုးဆော်မှုတွေအပြီးမှာပဲသရုပ်ဆောင်မော်ဒယ်မေပန်းချီ၊ The Voice ဂျာနယ် အယ်ဒီတာချုပ်ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီတပ်ပြေးနှစ်ဦးကို စစ်ဆေးရေးဂိတ်မှာ မိလို့ ထိန်းသိမ်းထားတယ်လို့ CNDF ဆို

ဇွန် ၊ ၁၁ ချင်းပြည်နယ်၊ဖလန်းမြို့နယ်၊ရီခေါဒါရ် တပ်စခန်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကိုဇွန်လ ၆ ရက်မှာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNDF တပ်မဟာ (၁)တာဝန်ရှိသူတဦးကပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦးမှာ ရီခေါရ်ဒါ တပ်စခန်း ခလရ ၂၆၈ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ

ဇွန် ၊ ၁၁ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေး ဌာနတာဝန်ရှိသူတဦးကပြောပါတယ် ။ ခင်ဦးမြို့နယ် ၊သံဘိုရွာတောင်ဘက်မှာဇွန်လ ၉ရက်က  စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေတိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်ရဲ့  လက်နက်ကြီးကြောင့်  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံးသူဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုဗန်ဂျီ အလောင်းပြန်တွေ့

ဇွန် ၊ ၁၁ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် မှာစစ်ကောင်စီတပ်တွေ ဖမ်းဆီးသတ်ဖြတ်ပြီးစွန့်ပစ်ခဲ့တဲ့ကိုမြတ်သူလင်း(ခေါ်) ကိုဗန့်ဂျီရဲ့ အလောင်းကို ဇွန်လ၁၁ရက်ဒီကနေ့မှာရှာတွေ့ပြီးနေ့ချင်းသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။ “ မနက်၉နာရီမှာသင်္ဂြိုလ်လိုက်တယ် ။ မြို့နယ်ပကဖ ၊ ပအဖ ၊ ပလဖနဲ့ ဒေသခံပြည်သူ၂၅၀လောက်တတ်ကြတယ်။ ပလဖဒုတာဝန်ခံကအမိန့်ပြန်တမ်းဖတ်ခဲ့တယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆွေးနွေးပွဲအပြီး ကျေးရွာအလံနဲ့ဆိုင်းဘုတ်တွေဖျက်စီးခံရတဲ့အပေါ် TNLA ဘာပြောလဲ

ဇွန် ၊ ၁၁ ရှမ်းပြည်နယ်၊ လားရှိုးမြို့အတွင်းရှိ တအာင်းကျေးရွာ (၅) ရွာက တအာင်းအလံ၊ တအာင်းစာပေတွေနဲ့ ပြုလုပ်ထားတဲ့ ကျေးရွာအဝင်ဆိုင်းဘုတ်တွေကို  အခုရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်က ဘိုဒိုဇာနဲ့ လိုက်လံဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောဆိုကြသလို (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်းမ် သတင်းဌာနကို စစ်ကောင်စီကလုပ်ငန်းလိုင်စင် ပိတ်သိမ်း

ဇွန် ၊ ၁၁ ပြည်တွင်း သတင်းမီဒီယာတခုဖြစ်တဲ့ ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)ကို ဇွနလ ၈ရက်ကစပြီးလုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီကသူတို့ရဲ့ ဝါဒါဖြန့်သတင်းစာတွေက တဆင့်ထုတ်ပြန်ကြေညာထားပါတယ်။ “ ဒီလ ၈ ရက်နေ့မှာတော့ ကျွန်တော်တို့သတင်းအေဂျင်စီလိုင်စင် [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရှောင်ဖို့ထွက်ပြေးလာတဲ့ သရက်ချောင်းဒေသခံတွေကို စစ်တပ်ကလိုက်လံပစ်ခတ်နေ

ဇွန် ၊ ၁၁ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကနေ စစ်ရှောင်ဖို့ ထွက်ပြေးလာတဲ့ ရွာခံတွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ လိုက်လံပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  စစ်ကောင်စီတပ်တွေရဲ့ [ဆက်လက်ဖတ်ရှုရန်]