ဒေသအလိုက် သတင်းကဏ္ဍ

သထုံထွေအုပ်ရုံးအတွင်း ဗုံးပေါက်ပြီး ရုံးတစ်ခုလုံးနီးပါးပျက်စီ

မွန်ပြည်နယ် သထုံမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအတွင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အစောင့်ရဲ ၂ ဦးထိခိုက်ကာ ရုံးတစ်ခုလုံး ပြိုကျလုနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။ မနေ့က ဧပြီလ ၉ ရက်နေ့ မွန်းလွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရက္ခိုင့်တပ်တော် ကူညီထောက်ပံ့မှုနဲ့ ကျောင်းသားလက်ရုံးတပ်တော် ဖွဲ့စည်းတည်ထောင်ခဲ့

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ -ရန်ကုန်) မှ သမဂ္ဂရဲဘော်တွေအနေနဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ အခြေခံစစ်ပညာသင်ကြားမှု ကူညီထောက်ပံ့မှုတို့နဲ့ ကျောင်းသားလက်ရုံး တပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဧပြီလ ၁ဝ ရက်နေ့တွင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တော်လှန်သင်္ကြန် သံချပ်အတွက် နယ်သာလန်ရောက်မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေ

နွေဦးအားမာန် တော်လှန်သင်္ကြန်ပွဲ ကျင်းနိုင်ဖို့ တော်လှန်သံချပ်အတွက် နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေ စုစည်းပြီး အမ်စတာဒမ်မြို့ရှိ အမရာမေ စားသောက်ဆိုင်မှာ မနေ့က ဧပြီလ ၉ ရက်နေ့မှာ အစမ်းလေ့ကျင်ခဲ့ကြပါတယ်။ အခုနှစ်သင်္ကြန်ပွဲဟာ ပျော်စရာသင်္ကြန် မဟုတ်ပဲ တော်လှန်သင်္ကြန်ပွဲ ဖြစ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မှာ မိုင်းဆွဲခံရတဲ့ စစ်အုပ်စု မိုင်းခင်း အကာအကွယ်ယူ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာစာသင်ကျောင်းဝန်းကျင်မှာ အကြမ်းဖက်စစ်အုပ်စုက မိုင်း တွေမြှုပ်နှံထားတယ်လို့ သိရပါတယ်။ ဧပြီ ၈ ရက်နေ့၊ ည ၈ နာရီလောက်က အင်္ကုက္ကားကျေးရွာ အနောက်ဘက် မူးတံတားအနီး ကင်းလှည့်လာတဲ့ ပျူစောထီးတွေကို တန့်ဆည်ဖီးနစ် (Phoenix [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်တိုက်ပွဲ စစ်သား ၃ ဦးသေ၊ လက်နက်တချို့ရရှိကြောင်း ဂဠုန် PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းက အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သေဆုံးစစ်သား ၃ ဦးနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီပဲရင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၈ ရက်နေ့ညက စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဘုတလင်မြို့နယ်၊ ကူတော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့နယ်မှာ ဗိုလ်ကြီး ၁ဦး အပါအဝင် စစ်အုပ်စုဝင် ၇ဦးကို လက်နက်တွေနဲ့ ဖမ်းဆီးရမိ

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဗိုလ်ကြီး ၁ဦးအပါဝင် စစ်သား ၇ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီလောက်မှာ JUSTICE RANGER အဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၅ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်မယ်ရှောင်ကျေးရွာမှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦး အပစ်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦးဖြစ်သူ ဦးဆီဇာလွင် (ခ) ကိုဒန်းဂါးကို အမည်မသိ သေနတ်သမား ၂ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၉ရက်နေ့ ညနေ ၄နာရီလောက်မှာ ဦးဆီဇာလွင်ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွာငံဒေသမှာ စစ်အုပ်စုနဲ့ PDF ပူးပေါင်းဖွဲ့တွေ တိုက်ပွဲဖြစ် စစ်အုပ်စုက ၄ ဦးသေ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးသွားခဲ့တယ်လို့ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၉ရက်နေ့ နေ့လည်ပိုင်းမှာ ရွာငံမြို့နယ် လွှစင်ကျေးရွာနဲ့ တောင်ပို့ကွဲကျေးရွာအကြားမှာ ပျူစောထီးခေါင်ဆောင်ဆိုသူ ဦးဝင်းမြင့်နဲ့အဖွဲ့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရှောင်တွေကို ရိက္ခာပို့သူလူငယ် အကြမ်းဖက်စစ်တပ် ပစ်ခတ်လို့ သေ

အကြမ်းဖက်စစ်တပ်က နှိပ်စက်ပြီးသတ်ခဲ့တဲ့ စစ်ရှောင်တွေကို ရိက္ခာပို့သူ လူငယ်တစ်ဦးရဲ့ ရုပ် အလောင်းကို ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ​ဒေါ​ညေခူ​ကျေးရွာမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ​ဒေါ​ညေခူ​ကျေးရွာမှာ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-Local PDF)နဲ့ မဟာမိတ်တပ်​ပေါင်းစုတို့ ဒီနေ့မှာ နယ်​မြေရှင်းလင်း​​ရေးလုပ်​နေစဉ် ​ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်အနောက်မြောက်ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊မြိုင်မြို့နယ် အနောက်မြောက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်ကို ဒေသခံ တော်လှန်ရေးအင်အားစုတွေပူးပေါင်းကာဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ ၁၂နာရီလောက်မှာ မြောင်မြို့နယ်အနောက်မြောက်ခြမ်း၊သီးပင်ကိုင်းရွာအနီးမှာ ၃နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲအခြေစိုက်ပြောက်ကျားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရဲဘော်ပေ ကပြော ပါတယ်။ ‘PDF တွေကတော့ အင်အားများတယ်။မိုင်းဆွဲပြီးတော့ တိုက်ခိုက်တာ။အခုအချိန်ထိတော့ အထိအခိုက်စာရင်း [ဆက်လက်ဖတ်ရှုရန်]