ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီပြည်အတွင်း ဧပြီလတတိယအပတ် တိုက်ပွဲတွေမှာ စစ်အုပ်စုက ၁၆ ဦးသေ

ကယားပြည်နယ် (ကရင်နီ) အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပြီး ဧပြီလ တတိယအပတ် တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး KNDF မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ KNDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သားနဲ့ လောင်စာဆီတင်ထားတဲ့ စစ်ကားအစီး ၂၀ ကျော် သထုံဘက်ဆင်

ဒီနေ့မနက်ပိုင်းအတွင်း စစ်သားတွေနဲ့ လောင်စာဆီတွေတင်ထားတဲ့ စစ်ကားအစီး ၂၀ ကျော် သထုံဘက် ဆင်းသွားတယ်လို့ သိရပါတယ်။ သင်္ကြန်မတိုင်မီကတည်းက စစ်ကားတွေ အသွားအလာမရှိခဲ့ခြင်းဖြစ်ပြီး အခုအခါ ပထမဆုံးအကြိမ် စစ်ကားအရေအတွက် ခပ်များများ သွားတာကို မြင်ရခြင်းဖြစ်တယ်လို့ သထုံ၊ သိမ်ဆိပ်မှာနေထိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ပြောင်းခံရ

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ပြောင်းရွေ့မှုတွေ လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကနေ နယ်အကျဉ်းထောင်တွေကို ရွေ့ပြောင်းနေတာဖြစ်ပြီး ထောင်ပြောင်းရွေ့ခံရတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရီးသည်တင် ယာဉ်တစ်စီး အမြန်လမ်းဘေး ချောင်းထဲထိုးကျ၊ အသေအပျောက်မရှိ

ဒီနေ့မနက် ၅ နာရီမထိုးခင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောင်းထဲထိုးကျခဲ့ပေမဲ့ အသေအပျောက်မရှိဘူးလို့ သိရပါတယ်။ ဒီနေ့မနက် ၄ နာရီ ၄၇ မိနစ်မှာ အမြန်လမ်း ၉၉ မိုင် ၅ ဖာလုံအရောက် နန်းထိုက်တော်ဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အငြင်းပွားဖွယ် Kurils ကျွန်းစုကို ရုရှားက မတရားသိမ်းပိုက်ထားတယ်လို့ ဂျပန်ပြော

ရုရှားက ဆယ်စုနှစ်ချီထိန်းချုပ်ထားတဲ့ နယ်မြေပိုင်နက်အငြင်းပွားဖွယ် Kurils ကျွန်းစုနဲ့ ပတ်သတ်ပြီး  ဒီကျွန်းတွေကို ရုရှားက တရားမဝင်သိမ်းယူထားတာဖြစ်တယ်လို့ ဂျပန်အစိုးရက တကြော့ပြန် ပြောဆိုလာတယ်လို့ Japan Times သတင်းဌာနက ဖော်ပြပါတယ်။ ရုရှားမှာဆိုရင် Kurils တောင်ပိုင်းလို့ခေါ်ပြီး ဂျပန်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နယ်သာလန် တော်လှန်သင်္ကြန် ရံပုံငွေ စျေးရောင်းပွဲ ကျင်းပပြီးစီ

နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ တော်လှန်သင်္ကြန် ရံပုံငွေစျေးရောင်းပွဲကို မနေ့က ဧပြီလ ၂၃ ရက်နေ့တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ် စကစ်ပူးလေယာဥ်ကွင်းအနီး ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ နယ်သာလန် နိုင်ငံအတွင်းက မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာအစားအစာ၊ တိုင်းရင်းသား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီ တာဝန်ယူ ဖြေရှင်းဖို့ SAC-M တိုက်တွန်

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တစ်နှစ်ကြာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တာဝန်ယူဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆော-လောင်းရှည်လမ်းပိုင်းမှာ အသွားအလာမလုပ်ကြဖို့ ထုတ်ပြန်

မကွေးတိုင်း၊ ဆော-လောင်းရှည်လမ်းပိုင်းမှာ အသွားအလာမပြုလုပ်ကြဖို့ ဒီနေ့မနက်၇နာရီကျော်မှာ လောင်းရှည်PDF ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၆နာရီလောက်မှာ ခန့်မှန်းအင်အား၆၀ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ လောင်းရှည်ဘက်ကိုဦးတည်ထွက်ခွာလာတာကြောင့် ဆော-လောင်းရှည်လမ်းမှာ အသွားအလာမလုပ်ဖို့ အသိပေးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လောင်းရှည်PDFက လမ်း သွားလာခွင့် သတင်းထုတ်ပြန်ကြေငြာခြင်းမရှိဘဲ သွားလာခဲ့ပါက လုံခြုံရေးအာမခံချက်ပေးနိုင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

EAOs မှသည် EROs အဖြစ်သို့

မြန်မာနိုင်ငံသမိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းပြည်လွတ်‌လပ်ရေးနဲ့အတူ‌ ပေါ်ပေါက်လာသည်ဟု ရည်ညွှန်းသတ်မှတ်ပြောဆိုလေ့ ရှိကြသည်။ ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်၊ မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိ‌စေရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို အဓိကနည်းလမ်းတစ်ခုအဖြစ် အသုံးပြု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လိုင်စင်မပါတဲ့အကြောင်းပြချက်နဲ့ ခရမ်းမြို့ပေါ်မှာ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀လောက် စစ်တပ် ဖမ်းဆီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်မှာ လိုင်စင်မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀ လောက် ဖမ်းဆီးထားကြောင်းသိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့ကစတင်ကာ ဆိုင်ကယ်နဲ့ ကားလိုင်စင် မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီး နေခြင်းဖြစ်ပြီးမနေ့ကတစ်ရက်တည်းနဲ့ ဆိုင်ကယ်အစီး၃၀လောက် ဖမ်းဆီးခံရတာပါ။ ဒီနေ့မနက်အစောပိုင်းမှာလည်းခရမ်းမြို့၊ ငှက်ကျောင်းလမ်းမှာ ပြည်သူတစ်ဦးစီးလာတဲ့ ဆိုင်ကယ်ဖုံတက်နေတယ်ဆိုပြီး [ဆက်လက်ဖတ်ရှုရန်]