ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမှာ စစ်ကားမိုင်းထိအသေအပျောက်များနိုင်

စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီးမှာ အကြမ်းဖက်စစ်ကား၂စီးကို ရှေ့ထွက်မိုင်း ၃လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားအသေအပျောက်များနိုင်တယ်လို့သိရပါတယ်။ ဒီကနေ့မွန်းလွဲ ၁နာရီကျော်လောက်မှာ စစ်ကိုင်း-ရွှေဘို ကားလမ်းမပေါ် ၊စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီးမှာ ရွှေဘို ဘက်ကနေ စစ်ကိုင်းဘက် လာတဲ့ အကြမ်းဖက်စစ်ကား ၂ စီးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခလယ်-တံခွန်တိုင်ကျေးရွာတွေက ဒေသခံ ၃၀ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၃၀ဦးကျော်ကို အကြမ်းဖက်စစ်အုပ်စု လူသားဒိုင်း လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဝင်းရော်ဒေသကျေးရွာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၅ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာ ဝင်းရော်ဒေသ အနောက်ဘက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ မိုင်းဆွဲခံရတဲ့ အကြမ်းဖက်တပ် အနီးရှိ ဇရပ်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ် မိုင်းဆွဲခံရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇရပ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂၄ ရက်နေ့က အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာကနေ ထွက်လာတဲ့ အင်အား ၃၀ လောက်ပါတဲ့ ခြေလျင် အကြမ်းဖက်စစ်ကြောင်းကို ဆူးလေကုန်းချောင်းအနီးအရောက် ဒေသတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF တွေ လုံခြုံရေး ယူချီတက်လာတဲ့ ဒီပဲယင်း​ကျေးလတ်သပိတ်

နယ်မြေမတည်ငြိမ်မှုတွေကြားမှ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာတစ်ရွာမှာ အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး ကျေးလက်သပိတ်စစ်ကြောင်း ကိုဒီနေ့ (ဧပြီ ၂၅) ရက်နေ့ နေ့လယ်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ ကြပါတယ်။ အဆိုပါ သပိတ်စစ်ကြောင်းအတွင်း ဆန္ဒပြပြည်သူတွေ လုံခြုံရေးအတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျဆုံးရဲဘော် ၇ ဦးရဲ့ မိသားစုတွေကို ကျပ် ၁၀ သိန်းစီ မြိုင် PDF ထောက်ပံ့

ကျဆုံးရဲဘော် ၇ ဦးရဲ့ မိသားစုတွေကို ကျပ် ၁၀ သိန်းစီ ထောက်ပံ့ခဲ့ကြောင်း မြိုင်​မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ-၁ ဟာ တဲကြီးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့စဉ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ကြီးထောင့်မှာ တစ်သောင်းတန်အတုနဲ့ Wave Pay ငွေလွှဲသူကို ဖမ်းမိ

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ တစ်သောင်းတန်ငွေအတုအချို့နဲ့ Wave Pay လာရောက်ငွေလွှဲသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၂၃ ရက်နေ့က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

သတင်းဆောင်းပါး

တရားဥပဒေမဲ့ ရန်ကုန်လမ်းမများ

ရန်ကုန်မြို့က ယာဥ်တိုက်မှုတွေမှာ တရားခံ ဖမ်းမမိတဲ့ဖြစ်စဥ်တွေ များလာနေပါပြီ။ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးရမယ့် စစ်သားနဲ့ရဲတွေကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်နေပြီး တနိုင်ငံလုံးမှာလည်း တရားဥပဒေစိုးမိုးရေး မရှိသလောက်ယိုယွင်းလာနေတာပါ။ ဒီလို ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို DNA ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အစိုးရအဖွဲ့ရာထူးနုတ်ထွက်ဖို့ သီရိလင်္ကာကျောင်းသားတွေ ဆန္ဒပြ

ပြည်တွင်းစီးပွားရေးကပ်ဘေးဆိုးရွားလာနေတဲ့ သီရိလင်္ကာနိုင်ငံမှာ ဧပြီလ ၂၄ရက်နေ့က တက္ကသိုလ် ကျောင်းသားတွေ ထောင်ချီစုဝေးပြီး ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ဆာရဲ့ နေအိမ်ရှေ့မှာ ဆန္ဒပြကြကာ ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။  လနဲ့ချီ လျှပ်စစ်မီးပြတ်တောက်တာ ၊ စံချိန်တင် ငွေကြေးဖောင်းပွတာ ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမခ ဗိုလ်ကြီးတစ်ဦး အလင်းဝင်

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီး တစ်ဦး CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ်တည်လာတယ်လို့သိရပါတယ်။ CDM ဗိုလ်ကြီးဟာ ဧပြီ ၁၁ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို စွန့်ခွာခဲ့ပါတယ်။ ဧပြီ ၈ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယား ရှင်းလင်းခံရ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာနေ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးအေးကိုတို့ လင်မယားကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်မှာ ဘိုကလေး [ဆက်လက်ဖတ်ရှုရန်]