
ဒေသအလိုက် သတင်းကဏ္ဍ
တရားစွဲခံရတဲ့ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင် တိမ်းရှောင်နေလို့ ကုမ္ပဏီကိုတရားစွဲမယ်
မတ်၊ ၁၈ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချိုးဖောက်လို့ အလုပ်သမားက တရားပြန်စွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ဟာတရားရင်ဆိုင်ခြင်းမရှိဘဲ တိမ်းရှောင်နေလို့ ကုမ္ပဏီကိုပြောင်းလဲ တရားစွဲဆိုဖိုါပြင်ဆင်နေတယ်လို့ အဲ့ဒီအလုပ် သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ကဒါရိုက်တာဒေါ်မျိုးမျိုးအေးကပြောပါတယ်။ အလုပ်ခန့်ထားမူဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ အလုပ်သမားဖြစ်သူမအိပိုပိုလိူင်က စက်ရုံ ပိုင်ရှင်တရုတ်နိူင်ငံသားကိုရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီးတရားရင်ဆိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံကိုတိမ်းရှောင်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]