No Picture
စစ်ရေး

သုံးရက်အတွင်း စစ်ကောင်စီတပ်သား တရာကျော်သေဆုံးခဲ့တဲ့ မောင်တောတိုက်ပွဲ

Photo – AA Info Desk သြဂုတ်၊ ၂၇ အာရက္ခတပ်တော်(AA)က အပြည့်အဝထိန်းချုပ်နိုင်တော့မယ်လို့အသိပေးထားတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်ကထိခိုက်သေဆုံး၊ဖမ်းဆီးခံရတာတွေများပြားလာနေပြီးအရေးနိမ့်နေပြီဖြစ်ပါတယ်။ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့မောင်တောတိုက်ပွဲမှာသုံးရက်တာကာလအတွင်းစစ်ကောင်စီဖက်ကတရာကျော်သေဆုံးခဲ့ပြီး သုံ့ပန်းတွေလည်းဖမ်းဆီးမိခဲ့တယ်လို့ AAရဲ့သြဂုတ်၂၆ရက်စွဲနဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း ရုပ်သံ၊ဓါတ်ပုံတွေနဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။  မောင်တောမြို့၊ အမှတ် [ဆက်လက်ဖတ်ရှုရန်]

No Picture
စစ်ရေး

ရခိုင်တောင်ပိုင်းမှာ AAထိုးစစ်ကို ရေတပ်အကူအညီနဲ့ ခုခံနေရတဲ့ စစ်ကောင်စီ

Photo – AA Info Desk သြဂုတ်၊ ၂၇ အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်နေတဲ့ ရခိုင်တောင်ပိုင်းသံတွဲနဲ့ ဂွမြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီဖက်က ရေတပ်အင်အားအလုံးအရင်းအကူအညီနဲ့ခုခံနေရပါတယ်။ သံတွဲမြို့နယ်မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ AAက သြဂုတ်လ၂၆ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
စစ်ရေး

မောင်တောမှာ တပ်ပျက်နေတဲ့ စစ်ကောင်စီ

Photo – AA Info Desk သြဂုတ်၊ ၂၅ စစ်ကောင်စီဖက်ကလေကြောင်းပစ်ကူအပါအဝင် အပြင်းအထန်ခုခံနေတဲ့ကြားက မြန်မာ-ဘင်္ဂလားဒေ့နယ်စပ် မောင်တောမြို့ကို အာရက္ခတပ်တော်(AA)ကအလုံးစုံသိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။  ပြီးခဲ့တဲ့သြဂုတ်လ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့တဲ့မောင်တောမြို့သိမ်းတိုက်ပွဲမှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြို့အတွင်း ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီ သင်တန်းဆင်းရိုဟင်ဂျာ(မူဆလင်လို့သုံးထား)လက်နက်ကိုင်အဖွဲ့တွေ၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့ထဲ ပိတ်မိအရပ်သားတွေကျန်ရှိနေ

Photo-ABN ဩဂုတ်၊ ၁၉ တိုက်ပွဲဖြစ်ပွားနေဆဲမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့တွေရဲ့လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ခေါ်ယူခံထားရတဲ့ ပြည်သူအချို့ရှိနေသေးပြီး ဆက်လက်ကယ်ထုတ်နေရဆဲဖြစ်တယ်လို့ အာရက္ခတပ်တော် (AA)နဲ့  ပြောပါတယ်။ AAဟာမောင်တောမြို့တွင်း တိုက်ပွဲတွေစပြီးနောက် မြို့တွင်းပိတ်မိနေသူ ရိုဟင်ဂျာအပါအ၀င် ဒေသခံအရပ်သားတွေကို ဆက်တိုက်ကယ်ထုတ်ခဲ့ပြီး လူနှစ်သောင်းနီးပါး ကယ်ထုတ်၊ဘေးလွှတ်ရာပို့ဆောင်ထားပြီးဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ဂွမြို့နယ် ကျိန္တလီမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA သိမ်းပိုက်

Photo-AA Info Desk (ပုံစံ-AAတပ်ဖွဲ့ဝင်တွေကိုစခန်းသိမ်းတိုက်ပွဲတခုမှာတွေ့ရစဥ်(ပုံဟောင်း) ဩဂုတ်၊ ၁၄ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲရှိ စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး လက်ကျန်ထွက်ပြေးနေသူတွေကို ရှင်းလင်းနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အာရက္ခတပ်တော်(AA)ဟာ ကျိန္တလီမြို့အနီး၀န်းကျင်ရှိ ချင်းကွင်း၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
Uncategorized

AAထိန်းချုပ်မြောက်ဦးမြို့ကို စစ်တပ်လေကြောင်းဗုံးကြဲလို့ အရပ်သား၆ဦးထက်မနည်းသေဆုံး

သြဂုတ်၁၀ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲလို့ အရပ်သား၆ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၇ဦးလောက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီကနေ သြဂုတ်လ၁၀ရက် နေ့လည်၁၂နာရီကျော်လောက်မှာ မြောက်ဦးဟိုတယ်အနီးမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကDNAကိုပြောပါတယ်။ “သေတာကခြောက်ယောက် ကလေးတယောက်လည်းပါပါတယ်၊ထိခိုက်တာတော့အသေအချာမသိရသေးပါ၊ ခုနှစ်ယောက်လို့တော့ကြားတယ် တုပ်တုပ်(သုံးဘီး)တစီးလည်းအကုန်ပျက်ဆီးသွားပါတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

ပိတ်ဆို့ခံထားရတဲ့မောင်တောဒေသခံ ရှစ်ရာဝန်းကျင်ကို တရက်တည်းကယ်ထုတ်ခဲ့တယ်လို့ AA ပြော

ဩဂုတ် ၊ ၉ အာရက္ခတပ်တော် AA ကထိုးစစ်ဆင်နေတဲ့ မောင်တောမှာ စစ်အုပ်စုက လူသားဒိုင်းကာအဖြစ်ထွက်ခွာခွင့်မပေးဘဲ  ပိတ်ဆို့ထားတဲ့ ဒေသခံ ရိုဟင်ဂျာ(မူရင်းမှာမွတ်စလင်အဖြစ်ဖော်ပြ)ရှစ်ရာဝန်းကျင်ကိုမနေ့ကကယ်ထုတ်နိုင်ခဲ့ တယ်လို့ AA က ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။ မောင်တောမြို့နယ် ဗိုလ်မှူးကျေးရွာဒေသခံ သုံးရာဝန်းကျင်နဲ့ မောင်တောမြို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သံတွဲထောင်က နိုင်ကျဥ်းတွေကို AA ကယ်ထုတ်ပြီး နေရပ်ပြန်ပို့

ဩဂုတ်၊ ၈ သံတွဲမြို့အကျဉ်းထောင်မှာပိတ်မိနေတဲ့ နိုင်ကျဥ်းတွေအပါအဝင် အကျဉ်းသား (၃၇၂) ဦးကို ဘေးကင်းလုံခြုံရာကယ်ထုတ်နိုင်ခဲ့တယ်လို့အာရက္ခတပ်တော် AAက ဒီကနေ့သြဂုတ်၈ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်က သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့သံတွဲမြို့ရှိ  စစ်ကောင်စီ၏ တပ်စခန်းအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား ပြီးခဲ့တဲ့ဇူလိုင် (၁၆) [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောမှာ ရိုဟင်ဂျာတွေ အစုလိုက်သေဆုံးတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ AAပြော

Photo – Google ဩဂုတ်၊ ၈ မောင်တောမြို့ထဲကနေ ထွက်ပြေးလာတဲ့ရိုဟင်ဂျာ(မူရင်းမူဆလင်)တွေ အများအပြားသေဆုံးခဲ့ရတဲ့အပေါ်  စိတ်မကောင်းဖြစ်ရပြီး ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေတယ်လို့  အာရက္ခတပ်တော်(AA)ရဲ့ နိုင် ငံရေးအဖွဲ့အစည်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မနေ့ညမှာ ထုတ်ပြန်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မောင်တောမြို့ထဲက [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

ရခိုင်တောင်ပိုင်းတောင်ကုတ်နဲ့ ဂွမြို့နယ်ကို ထိုးစစ်ဆင်မယ်လို့ AAအသိပေး၊ သံတွဲနဲ့ ဂွပယ်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ မလုပ်ဖို့သတိပေး

ဩဂုတ်၊ ၁ ရခိုင်တောင်ပိုင်း သံတွဲနဲ့ဂွမြို့နယ်အနီး ပင်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ AAက ဒီကနေ့သြဂုတ်လ၁ရက်စွဲနဲ့ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းဆက်သွယ်ထားတဲ့ တောင်ကုတ်မြို့နဲ့ ဧရာဝတီတိုင်းအစပ်ဂွမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့AAကအသိပေးလိုက်တာပါ။ နာမည်ကျော်ခရီးသွားဒေသ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်စခန်းအားလုံး၊ငပလီမဇင်လေဆိပ်၊ဟိုတယ်ဇုန်နဲ့ [ဆက်လက်ဖတ်ရှုရန်]