နိုင်ငံရေး

သူနာပြု-သားဖွားဆရာမအင်အားမလုံလောက်လို့ သင်တန်းကျောင်းတွေကို စစ်ကောင်စီအချိန်အစောဖွင့်

စစ်အာဏာသိမ်းယူထားတဲ့ ၂ နှစ်တာအတွင်း CDM သူနာပြုနဲ့သားဖွားဆရာ/ဆရာမ အင်အားမလုံလောက်တာကြောင့် သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို လာမဲ့ဧပြီလမှာအချိန်စောဖွင့်လှစ်လာတယ်လို့ CDM သူနာပြုအသိုင်းအဝန်းထံကသိရပါတယ်။ သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ လျှောက်လွာလက်ခံပြီး အောက်တိုဘာလမှစတင်တက်ရောက်ရပေမယ့်ဒီနှစ်မှာတော့ဧပြီလ ၈ရက်မှာစတင်ဖွင့်လှစ်မှာပါ။ “သူနာပြု-သားဖွားသင်တန်းတွေ​ထပ်ခေါ်တဲ့သဘောကဝန်ထမ်းအင်အားမလုံလောက်တာအဓိကဖြစ်နေတယ်။သင်တန်းတက်ခွင့်ရမဲ့အရေအတွက်ကအရမ်းကိုနည်းတယ်။အဲတာတွေကြောင့်သင်တန်းအချိန်စောဖွင့်တာလို့ပြောလို့ရတယ်။အရင်ကတော့အခုလိုမျိုးမဖွင့်ဘူးပေါ့။ဒီနှစ်ကျမှစောဖွင့်တဲ့သဘောဖြစ်နေတယ်” လို့မော်လမြိုင်မြို့ခံ CDMသူနာပြုဆရာမတဦးကပြောပါတယ်။ တနိုင်ငံလုံးမှာကျန်းမာရေးဝန်ထမ်းပေါင်း [ဆက်လက်ဖတ်ရှုရန်]