နိုင်ငံရေး

စစ်ကောင်စီကားကို မိုင်းဆွဲပြီးပြန်ဆုတ်ရာမှာ လက်နက်ကြီးကြောင့်ကျန်မိုင်းများကွဲပြီး PDF ခုနှစ်ဦးဒဏ်ရာရ

ဇွန်၊ ၁၃ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာစစ်ကောင်စီရဲ့ Light Truck ကားကို မိုင်းဆွဲပြီး ပြန်ဆုတ်ခွာရာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထောင်ထားတဲ့မိုင်းတွေကွဲပြီး ရဲဘော် ခုနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင် ၊အမှတ်၂၂ တပ်ရင်းတာဝန်ရှိသူတဦးကပြောပါတယ်။ ဇွန်လ ၁၃ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ

ဇွန် ၊ ၁၁ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေး ဌာနတာဝန်ရှိသူတဦးကပြောပါတယ် ။ ခင်ဦးမြို့နယ် ၊သံဘိုရွာတောင်ဘက်မှာဇွန်လ ၉ရက်က  စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေတိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်ရဲ့  လက်နက်ကြီးကြောင့်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ လက်နက်ကြီးထိလို့ စစ်ရှောင်အမျိုးသမီးတဦးသေဆုံး၊တဦးဒဏ်ရာရ

    ဇွန် ၊ ၁၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦးကျေးရွာဘက်ကို ကလေးမြို့ပေါ်က စစ်ကောင်စီတပ်က ဇွန် ၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” အသက်ငါးဆယ်ကျော်အမျိုးသမီးတဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မှာ လက်နက်ကြီးထိလို့ ကလေး တဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

ဇွန်၊ ၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ရွာတန်းရှည်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် အသက် ၁၄နှစ်အရွယ်ကလေးတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ – ဒူးပလာယာခရိုင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “လက်နက်ကြီးကအိမ်ပေါ်ကို ကျတယ်လို့ပြောတယ်၊အခုထိသွားတဲ့သူတွေက မိသားစုဝင်တွေပဲ၊ကလေးတယောက် သေတယ်၊နှစ်ယောက်က ဒဏ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမှာ တိုက်ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားနှစ်ဆယ်နီးပါး ဒဏ်ရာရ၊ တဦးစိုးရိမ်ရ

ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ဇွန် ၅ ရက်မနေ့က မနက်ပိုင်းနဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဆယ့်ကိုးဦး ထိခိုက်ဒဏ်ရာရပြီး တဦးစိုးရိမ်ရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲမြို့ပေါ် လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေကျလို့ ငါးဦးဒဏ်ရာရ၊လူနာတင်ယာဉ်တွေ မြို့တွင်း ဝင်ခွင့်မရ

ဇွန်၊ ၅ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ မနေ့ကညပိုင်းက တိုက်ပွဲဖြစ်ခဲ့တဲ့ မိုးဗြဲ မြို့မှာဒီကနေ့ မနက် ပိုင်းက မြို့ပေါ် လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ မြို့ခံငါးဦး ဒဏ်ရာရခဲ့ပြီး အရပ် ဘက်ကယ်ဆယ်ရေးအဖွဲ့တွေလည်း မြို့တွင်းဝင်ခွင့်မရဘူးလို့ ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦးသေ၊ တဦးဒဏ်ရာရ

ဇွန်၊ ၂   မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာ မှာ စစ်ကောင်စီဘက်က ဒီကနေ့မနက်မှာ လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” မနေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ လက်နက်ကြီးနဲ့ပစ်လို့ သုံးနှစ်အရွယ်ကလေးအပါအဝင် ငါးဦးဒဏ်ရာရ၊ တဦးစိုးရိမ်ရ

ဇွန်၊ ၂   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး တဦးစိုးရိမ်ရတယ်လို့ ကေအဲန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်တိုက်ပွဲတွေမှာ တပ်ရင်းမှူးတဦးအပါအဝင် စစ်သားကိုးဦးသေဆုံး၊ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ

မေ၊ ၂၉   ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်က ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်း စတဲ့ စစ်ကောင်စီရဲ့ စခန်းသုံးခုကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦး အပါအဝင် ကိုးဦးထက်မနည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

မေ၊ ၂၉   ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ မေလ ၂၈ ရက် မနေ့ည ၈ နာရီခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်နဲ့ မြို့ခံပရဟိတအသင်းထံက [ဆက်လက်ဖတ်ရှုရန်]