ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးဘုရားပွဲမှာ အပျော်စီးပင်လယ်ဓါးပြပြိုကျပြီး ဆယ်ဦးထက်မနည်းဒဏ်ရာရ

မတ်၊​ ၂၇ ပဲခူးရွှေမော်ဓောဘုရားပွဲမှာ မနေ့ မတ်လ ၂၆ ရက်ညပိုင်းက အပျော်စီးလှေရဟတ်(ပင်လယ်ဓါးပြ) အတက်အဆင်းလမ်းကျိုးကျတာကြောင့် လူ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။ မနေ့ညပိုင်း ၈နာရီလောက်မှာ လှေရဟတ် အတက်အဆင်းလမ်းကိုတိုးကြိတ်ရာကနေ သံပြားနဲ့ သံတိုင်တွေ ယိုင်နဲ့ကွာကျပြီးစင်ကျိုးကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ‘’ ကျွန်မသမီးကစီးချင်တယ်ဆိုလို့ အတူလှေပေါ်မှာစီးနေတုန်း ဗြုန်းကနဲအသံကြီးကြားလိုက်တာ လှေကြီးပြုတ်ထွက်သွားတယ်ထင်တာ၊ [ဆက်လက်ဖတ်ရှုရန်]