ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက် နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ
မတ်၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကိုမနေ့ကမတ်လ၁၈ရက်၊နေ့လယ်၂နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိပ်ခွန်ရွာကဒေသခံတွေက DNA ကိုပြောပါတယ်။ “နမခကနေလာတဲ့ MI 35 ရဟတ်ယာဉ်နဲ့ ရပတ်၊၈ပတ်လာပစ်တယ်။ ဒေသခံနှစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်။ကျန်၃ဦးကတော့လက်မောင်းရှပ်ထိလေးဆိုတော့စိုးရိမ်စရာမရှိပါဘူးလို့”ဒေသခံကို Kelvin ကပြောပါတယ်။ စစ်ကောင်စီတပ်တွေလေကြောင်းပစ်ခတ်ခဲ့တာအကြောင့်အသက်၆ဝကျော်အမျိုးသမီးတဦးနဲ့အသက်၂ဝကျော်အရွယ်အမျိုးသားတဦးတို့သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]