ဒေသအလိုက် သတင်းကဏ္ဍ

ဗိုလ်ချုပ်စျေးကကျောက်စိမ်းဆိုင်ဖောက်ထွင်းခံရမှု စီစီတီဗီမှတ်တမ်းမရရှိလို့တရားခံရှာဖို့ခက်နေ

မတ်၊ ၅ ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး  တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေနဲ့လက်ဝတ်ရတနာပစ္စည်းတွေ အများအပြားပါသွားတဲ့အပြင်ဒီတရားခံဖမ်းဆီးရမိမှုမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ့ဖောက်ထွင်းမှုအတွင်း ဆိုင်မှာရှိတဲ့ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးသိန်းရာဂဏန်းအထက်ခိုးယူခံရတယ်လို့လည်းဆိုင်ရှင်ဖြစ်သူရဲ့ပြောကြားချက်အရသိရပါတယ်။ “မနေ့ကမှသိတာခိုးသွားတာနည်းတာမဟုတ်ဘူး။တရားခံလဲခုထိမမိသေးဘူး။ဆိုင်ဖွင့်တော့မသက်ာတာနဲ့ လူကြီးစုံရနဲ့ခေါ်ဖွင့်တော့မှအဖောက်ခံရမှန်းသိတာ။ခိုးတာကတန်ဖိုးကြီးတာတွေချည့်ပဲရွေးခိုးသွားတာ။တရားခံကဘယ်စီနေမှန်းကိုမသိသေးဘူး။ခုထိစီစီတီဗီမှတ်တမ်းကလဲမရဘူး။ကျမကလဲအဲ့အပိုင်းတွေကိုနားမလည်ဘူး။ခုထိဆိုက်ကပိတ်ထားတုန်းပဲရဲကတော့ဆိုင်ကိုဓါတ်ပုံလာရိုက်သွားတယ် [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

သပိတ်ပစ်ခတ်ဖြိုခွဲခံရမှုနှစ်ပတ်လည်နေ့ မြောက်ဥက္ကလာမှာ ရဲကားသုံးစီး ဖောက်ခွဲတိုက်ခိုက်ခံရ

မတ်၊ ၄ ရန်ကုန်မြို့၊ မြောက်ဥက္ကလာအဝိုင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသပိတ် ပစ်ခတ်ဖြိုခွဲခံရတဲ့ နှစ်နှစ်ပြည့် မတ် လ ၃ရက်ညပိုင်းက ကျောက်ရေတွင်း တံတားအနီးမှာ ရဲကားသုံးစီး ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ကျောက်ရေတွင်းတံတားအနီးမှာ စစ်ကောင်စီရဲ့ DC ရဲကားသုံးစီးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေ့အချိန်မီးပျက်ချိန်တိုးလို့ အသေးစားလုပ်ငန်းတွေအခက်တွေ့

မတ်၊ ၃ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာ မီးဖြတ် တောက်ချိန်တိုးလိုက်တဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့အခက်တွေ့နေရတယ်လို့ အသေးစားလုပ်ငန်းလုပ်ကိုင်နေ သူတွေကပြောကြပါတယ်။ “ကျန်ခဲ့တဲ့လအထိက မီးကတစ်နေ့တကြိမ်လောက်ဆိုတော့ ကျွန်တော့်အနေနဲ့အဆင်မပြေပေမယ့်လည်း ဒီ လို ပဲလှည့်လုပ်ရတာပေါ့၊အခုကျတော့ တရက်တည်း နှစ်ကြိမ်ပျက်တာဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ စစ်ပြေး၊ ရဲပြေးတွေကို စစ်ကောင်စီလိုက်ဖမ်းနေပြီး မိသားစုတွေကိုပါ ဓါးစာခံထားနေ

မတ်၊ ၁ စစ်ကောင်စီတပ်ကို အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာပြေးတဲ့ စစ်တပ်နဲ့ရဲဘက်ဆိုင်ရာတွေက သူတွေကို စစ်ကောင်စီက ရန်ကုန်မြို့ထဲမှာ အပူတပြင်းရှာဖွေတာတွေဖမ်းဆီးတာတွေလုပ်နေတယ်လို့ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ အဲဒီလိုဖမ်းဆီးရာမှာ စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကိုစွန့်ခွာသူတွေပါအဖမ်းခံရတဲ့အခြေအနေဖြစ်နေတာလို့ဆိုပါတယ်။ “ကျွန်တော်တို့နားကကောင်လေးဆိုရင် ဒီနိုင်ငံရေးအခြေအနေတွေမဖြစ်ခင်ကတည်းက ပြေးလာတာ။ရပ်ကွက်ထဲမှာ ဆိုက်က္ကားနင်းတယ်။သူ့ဘာသာအေးအေးဆေးဆေးနေတယ်။နိုင်ငံရေးတွေဖြစ်တော့လည်း [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

စာငတ်သူတို့အတွက် ရေချမ်းစင်

မတ်၊ ၁ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေနဲ့ ကုန်းကျော်တံတားတွေအောက်မှာတော့ လမ်းဘေးကလေးငယ်တွေကို စာသင်ပေးနေတဲ့ ပရဟိတလူငယ်တချိုနဲ့စာသင်နေတဲ့ကလေးငယ်တွေကို မြင်တွေ့နိုင်ပါတယ်။ လမ်းမတွေ ဘေးမှာရှိတဲ့ ရေချမ်းစင်တွေဟာ လူတန်းစာအလွှာတခုအတွက်ဖြစ်သလိုရေချမ်းစင်ဆိုတဲ့ လမ်းဘေးစာသင်ဝိုင်းလေးဟာလည်း အကြောင်းအမျိုးမျိုးကြောင့်ပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေကို  ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ မီးပွိုင့်တွေနား ဈေးရောင်းတဲ့ကလေးငယ်တွေ၊ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်း အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေဟာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့  GTIG၊ GY Sen အထည်ချုပ်စက်ရုံတွေဖြစ်ပြီး စက်ရုံတရုံမှာ အလုပ်သမား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာမှာ ကားမီးလောင်မှုဖြစ်ရာက ယာဉ်မောင်းသေဆုံး

ဖေဖော်ဝါရီ၊ ၂၈ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် ညပိုင်းက တက္ကစီတစီးမောင်း နှင်နေရင်း ကားမီးလောင်မှုဖြစ်ကာ ယာဉ်မောင်းလည်းသေဆုံးသွားတယ်လို့ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ လူမှုကယ် ဆယ်ရေးအသင်းဆီကသိရပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ တက္ကစီကားဟာ တောင်ဥက္ကလာ၊ သစ္စာလမ်းပေါ်မောင်းနှင်လာရာက အမှတ်(၇)ရပ်ကွက်အနီးအရောက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မြိုမှာ ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေအတွက် လွမ်းဆွတ်ခြင်းလူထုလှုပ်ရှားမှု

ဖေဖော်ဝါရီ၊ ၂၈ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရင်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြား ရန်ကုန်မြို့မှာ ကျဆုံးသွားသူတွေအတွက် လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအနေနဲ့  သူတို့ရဲ့ရုပ်ပုံပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ရင်း ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက လူထုလှုပ်ရှားမှုတခုလုပ်ခဲ့တာကို ဒီကနေ့ဖေဖော်ဝါရီ ၂၈ ရက်မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြား ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းက တိုက်ခန်းတခန်းမှာ ဓားထိုးမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံး

ဖေဖော်ဝါရီ၊ ၂၇ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းက လူနေတိုက်ခန်းတခုမှာ ဓားထိုးမှုဖြစ်လို့ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦး ဓားဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။  “ကျွန်မတို့ 777 ဘီယာဆိုင်အရှေ့တည့်တည့်က တိုက်မှာဖြစ်တာ ကောင်လေးကတော့ ဒဏ်တွေကြောင့် သေနေပြီ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံကူးလက်မှတ်အတွက် အွန်လိုင်းက ရက်ချိန်းယူသူတွေ အဆင်မပြေ

ဖေဖော်ဝါရီ၊ ၂၄ နိုင်ငံကူးလက်မှတ်လုပ်ဖို့ အတွက်ဒီကနေ့ ဖေဖော် ဝါရီ ၂၄ရက်ကစလို့ အွန်လိုင်းကတဆင့် ရက်ချိန်းလျှောက်ထားခွင့်ပြုရာမှာ နည်းပညာအခက်အခဲနဲ့အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်လျှောက်ထားသူတွေဆီက သိရပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်​ပေး​ရေးအဖွဲ့က​ ရက်ချိန်းရယူဖို့ ပေးထားတဲ့ဝက်ဆိုက်လင့်ထဲဝင်မရတာ၊ လိုင်းပြတ်တောက်တာ စတဲ့အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့ သူတို့က [ဆက်လက်ဖတ်ရှုရန်]