ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ မုန်တိုင်းအပြီးဆယ်ရက်ခန့်ကြာတဲ့အထိ လျှပ်စစ်မီးမရရှိသေး

မေ၊ ၂၃  အားကောင်းတဲ့  ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကျရောက်ခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်တွေမှာ မုန်တိုင်းအပြီးဆယ်ရက်ခန့်ကြာတဲ့ လက်ရှိအချိန်ထိလျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းနဲ့ လျှပ်စစ်မီးသီးတွေကို ကျပ်တထောင်အထိပေးပြီး အားသွင်းနေရတာတယ်လို့ ဒေသခံတွေကပြောပါတယ်၊၊ ‘’စစ်တွေက မြို့နယ်အတော်များများမှာတော့လျှပ်စစ်မီးမရသေးပါဘူး။ နောက်ထပ် ခုနှစ်ရက်၊ ရှစ်ရက် ကြာမယ်ကြားတယ်’’ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ အိမ်ဆောက်ပစ္စည်းတွေ စျေးအဆမတန်တင်ရောင်းသူတွေကို AAက ခေါ်ယူသတိပေးနေ

မေ၊ ၂၂ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အဦးတွေ များစွာ ပျက်စီးသွားချိန် အိမ်ဆောက်ပစ္စည်းတွေ စျေးအဆမတန်တင်ရောင်းခဲ့ကြတဲ့ ဆိုင်ရှင်တွေကို ရခိုင့်တပ်တော် (AA)က ခေါ်ယူပြီး သတိပေးတာ တွေ ရှိနေတယ်လို့ AAနဲ့ နီးစပ်သူတွေ နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကန်တွေထဲ ဆားငံရေဝင်လို့ မုန်တိုင်းသင့်ရခိုင်ဒေသခံအများအပြား သောက်သုံးရေအခက်ကြုံနေ

မေ၊ ၂၀   ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် မုန်တိုင်းဒီရေမြင့်တက်ပြီး ကျေးရွာတွေထဲက သောက်သုံးရေကန်တွေထဲ ဆားငံရေတွေဝင်ရောက်ကာ ပျက်စီးသွားခဲ့တဲ့အတွက် သောက်သုံးရေ အခက်ကြုံနေရတဲ့ ကျေးရွာပေါင်းများစွာရှိနေပြီး တချို့ဒေသတွေမှာတော့ မသန့်တဲ့ရေတွေကြောင့် ဝမ်းရောဂါဖြစ်သူတွေလည်း ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ သေဆုံးသူလေးရာကျော်၊ ပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့ NUG ပြော

မေ၊ ၁၆   မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွင်း ဒီကနေ့အထိ ရရှိထားတဲ့စာရင်းတွေအရ တိုင်းနဲ့ပြည်နယ်ခုနစ်ခုမှာ သေဆုံးသူ စုစုပေါင်း (၄၃၅)ဦးရှိပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာစခန်းတွေမှာနေထိုင်သူ လေးရာဝန်းကျင် သေဆုံးနိုင်တယ်လို့ဆို

မေ၊ ၁၆   စစ်တွေမြို့နယ်ကနေ စတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့နယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူလေးရာဝန်းကျင်လောက် သေဆုံးခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ မြေပြင်မှာ စာရင်းကောက်ယူနေတဲ့ မွတ်စလင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းကြောင့် စစ်တွေမြို့ တော်တော်များများပျက်စီးခဲ့၊ အမျိုးသမီးတဦးသေဆုံး

မေ၊ ၁၅   ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မနေ့ မေလ ၁၄ ရက်နေ့က အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ” ဖြတ်ကျော်ဝင်ရောက်မှုကြောင့် မြို့နယ်တခုလုံးနီးပါးမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါမုန်တိုင်းဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမြင်ကွင်းများ

မေ၊ ၁၅ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ် တို့မှာ မြင်တွေ့ရတဲ့ အပျက်အစီးမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ မနေ့က မုန်တိုင်းကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြင်ဦးလွင်နဲ့ တာချီလိတ်မှာ သစ်ပင်ပိတာ၊ မြေထိန်းနံရံပြိုတာတွေကြောင့် သုံးဦးသေ

မေ၊ ၁၄   ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဝင်ရောက်တော့မယ် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေက မုန်တိုင်းရှောင်သူတွေ စားရေရိက္ခာလိုအပ်ချက်များစွာရှိနေ

မေ၊ ၁၄   ရခိုင်ပြည်နယ်၊ စစ်တွေမှာ မိုခါမုန်တိုင်းကို ကြိုတင်ရှောင်ရှားမှုတွေ ပြုလုပ်နေပေမယ့် စားရေးရိက္ခာအတွက်လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံ တွေက ပြောပါတယ်။   မိုခါမုန်းတိုင်းက ဒီကနေ့ မေလ ၁၄ ရက်နေ့မွန်းလွဲချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်က မုန်တိုင်းရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ

မေ၊ ၁၃   လာမယ့် (၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ဖြတ်သန်းတော့မယ့် မိုခါမုန်တိုင်း အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာတွေကို အရေးပေါ်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မုန်တိုင်းရှောင်ပြည်သူတွေအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။   ဒီကနေ့အထိ မြောက်ဦးမြို့ကို [ဆက်လက်ဖတ်ရှုရန်]