ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ အကျဉ်းသား သုံးရာကျော် လွတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါ

ရခိုင်ပြည်နယ်က အကျဉ်းထောင်တွေအတွင်း အကျဉ်းကျခံနေရသူတွေထဲက သုံးရာကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျခံနေကြရသူတွေ မပါလာဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။ စစ်ကောင်စီဟာ ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားပေါင်း ခုနှစ်ထောင်ကျော်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီးလူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပေါ်မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံရလို့ အိမ် စီးကားပေါ်မှာရှိနေတဲ့ အမျိုးသား သုံးဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ဒီကနေ့ ဇန်ဝါရီလ ၄ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှုတ်ထွက်ထားတဲ့ ရခိုင်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို AA က ပြန်လုပ်ခိုင်းနေတယ်လို့ဆို

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်တို့မှာ နုတ်ထွက်ထားကြတဲ့ စစ်ကောင်စီ လက်အောက်ခံကျေးရွာအုပ်ချုပ်ရေးမှူး တရာနီးပါးကို နုတ်ထွက်ခြင်းမပြုဘဲ မူလနေရာမှာ ပြန်လုပ်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ခေါ်ယူပြောဆိုလာတယ်လို့ ဆိုပါတယ်။ ULA/AAရဲ့နယ်မြေတာဝန်ခံကနုတ်ထွက်စာတင် ထားကြတဲ့ အုပ်ချုပ်ရေးမှူး တွေကို မနေ့က ဇန်နဝါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေမှာ စစ်ကားနဲ့တိုက်မိလို့ ဒေသခံ တဦးသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ကားတစီးက ဝင်တိုက်သွားလို့ ဆိုင်ကယ်နဲ့ သွားနေတဲ့ ဒေသခံအရပ်သားတဦး သေဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီး လမ်းမကြီးပေါ် မှာ သွားလာနေတဲ့ ဆိုင်ကယ်တစီးကို ဇန်နဝါရီ( ၂) ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ နှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာ အစားဝင်မယ့်သူမရှိဖြစ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နှုတ်ထွက်ထားကြတဲ့ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး တွေနေရာမှာ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီး အဲဒီအတွက် တာဝန်ထမ်းဆောင်မယ့်သူတွေ ရှာမရ ဖြစ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။   ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝါးခုတ်သွားတဲ့ မောင်တောဒေသခံ မြိုတိုင်းရင်းသားနှစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာက ရွာသားနှစ်ဦးဟာ ရွာအနီးက တော တောင် ထဲ ဝါး သွားခုတ်ရာကနေ ပြန်မ‌ရောက်တဲ့အတွက် လိုက်ရှာကြရာက ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အသက်သုံးဆယ်ဝန်းကျင်ရှိကြတဲ့ အဲဒီရွာသားနှစ်ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က ကူညီရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ထားလို့ ရခိုင်က ရိုဟင်ဂျာ ဒုက္ခသည်တွေ အငတ်ဘေး ကြုံနေ

ရခိုင်မှာ စစ်ကောင်စီက နိုင်ငံတကာကူညီရေးအဖွဲ့တွေကို သွားလာကူညီခွင့် ပိတ်ပင်ထားတာကြောင့် အဲဒီအဖွဲ့တွေရဲ့ အထောက်အပံ့တွေကို အားကိုးနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာနေထိုင်သူတွေ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေကြရပြီး ငတ်မွတ်တဲ့အခြေအနေတွေအထိ ရောက်နေကြတယ်လို့ ပြောကြပါတယ်။  အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ရှစ်ခုမှာ ပြည်တွင်း၊ပြည်ပ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလုပ်ပေးမယ့် ရခိုင်ပြည်နယ်နေ့ မလို လားကြောင်း ဒေသခံတွေပြော

ရခိုင်က အရပ်သားပြည်သူများစွာကို သတ်ဖြတ် ထားတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ် နေ့အခမ်းအနားကို တပြည်နယ်လုံးအတိုင်းအတာနဲ့ ကျင်းပဖို့ စီစဉ်နေပြီး ဒါဟာ ဟန်ပြလုပ်ပေးနေတာဖြစ်တယ်လို့ လူငယ်တွေ၊ စစ်ဘေး ဒုက္ခ သည်တွေနဲ့ ဒေသခံတွေက ဝေဖန်ကြပါတယ်။ လာမယ့် ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ ခရီးသည်တင်ရေယာဉ်နဲ့ စစ်ရေယာဥ် တိုက်မိပြီး ခရီးသည်သုံးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မယူမြစ်ထဲမှာ ဒီကနေ့ ဒီဇင်ဘာ (၁၂) ရက် မနက်ပိုင်းက ဘူးသီးတောင်ကနေ စစ်တွေမြို့ကိုထွက်လာတဲ့ခရီးသည် တင်ရွှေပြည်တန်အမြန်ရေယာဉ် နဲ့ စစ်ရေယာဥ်တစီးတိုက်မိပြီး ခရီးသည် သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ဘေးချင်းကပ် ပွတ်ပြီး တိုက်မိတာ၊သင်္ဘော ပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အပစ်ရပ်ထားပေမယ့် စစ်ရေးလှုပ်ရှားမှုတွေရှိနေလို့ ရခိုင်ဒေသတချို့မှာ ကျောင်းတွေပြန်မဖွင့်နိုင်သေး

ရခိုင်မှာ နှစ်ဘက်တပ်တွေ အပစ်အခတ်ရပ်စဲထားကြပေမယ့် စစ်ရေးလှုပ်ရှားမှုတွေရှိနေသေးတဲ့ အတွက် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးသလို ဒေသတချို့ကစာသင်ကျောင်းတွေကိုလည်း ပြန်မဖွင့်ကြရ သေး ဘူးလို့ ဒေသ ခံတွေက ပြောကြပါတယ်။    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြား၊ ရသေ့တောင်၊ [ဆက်လက်ဖတ်ရှုရန်]