နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်တိုက်ပြီး နှစ်ဖက်အကျအဆုံးရှိ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ရေးမြို့နယ် ရေးတံတားကြီး စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ လုံခြုံရေးတင်းကြပ်ထားလေ့ရှိတဲ့ ရေးမြို့အထွက် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို အင်အား ၁၀ ဦးကျော်ပါတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်မြို့အနီးကကျေးရွာတွေထဲကို CDM ဝန်ထမ်းတွေရှိမရှိ စစ်တပ်က လိုက်လံစုံစမ်းဖမ်းဆီးနေ

မွန်ပြည်နယ် ၊မော်လမြိုင်မြို့အနီးကော့နှပ်ကျေးရွာအပါအဝင်ကျေးရွာသုံးရွာကို စစ်ကောင်စီလက်အောက်ခံအဖွဲ့ကCDM ဝန်ထမ်းတွေရှိ၊မရှိ လိုက်လံစုံစမ်းကာဖမ်းဆီးဆောင်ရွက်တာတွေရှိနေတယ်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်ကနေဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိမော်လမြိုင်မြို့က ကော့နှပ်နဲ့ကတိုးကျေးရွာထဲကို စစ်ကောင်စီတပ်ရင်း ခလရ (၈၁)ကအင်အားအများအပြားနဲ့ဝင်ရောက်ကာ CDM ဝန်ထမ်းတွေရှိမရှိလိုက်လံစုံစမ်းတာအပြင်ဧည့်စာရင်းစစ်ဆေးလုပ်ဆောင်တာတွေရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ကော့နှပ်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ” ရွာထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်နယ်၊ရေးတံတားကြီးဂိတ်ဗုံးသီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ရေးမြို့နယ်က စစ်ကောင်စီတပ်တွေလုံခြုံရေးယူထားတဲ့ ရေးတံတားကြီးဂိတ်ကို MSROအဖွဲ့က 79mmဗုံးပစ်လောင်ချာကိုအသုံးပြုပြီး 40mm ဗုံးသီးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MSROရဲ့ ပြန်ကြား ရေး တာဝန်ခံက DNAကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေလုံခြုံရေးယူထားတဲ့ ရေးတံတားကြီးဂိတ်ကို MSROအဖွဲ့က ဖေဖော်ဝါရီ ၁၇ရက် မနေ့က နေ့လယ် ၁နာရီကျော်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လမိုင်းမြို့မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဆယ်နှစ်အရွယ်ကိုရင်တပါးပျံလွန်၊သံဃာတပါး ဒဏ်ရာရ

မွန်ပြည်နယ်‌၊ ရေးမြို့နယ်၊လမိုင်းမြို့ စုစည်းမြိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ဆယ်နှစ်အရွယ် ကိုရင်တပါးပျံလွန်ကာ ဦးဇင်းတပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီရဲ့ ရေးမြို့အခြေစိုက်(၃၁၇)အမြှောက်တပ်က မနေ့ကညနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ်တွေပါလာတဲ့ အိမ်စီးကားကို ရေးပြောက်ကျားအဖွဲ့ တိုက်ခိုက်ပြီးဗိုလ်ကြီးအဆင့်ရှိသူကို အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ မနေ့ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားလမ်းမှာ ခြုံတိုက်ခိုက်ခံရပြီး ကားမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   မနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က လမိုင်းမြို့၊ ကနင်ကမော့နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါင်မြို့နယ်ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်တဦး ပစ်ခတ်ခံရပြီးသေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီခွဲလောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးကိုကိုလေးကို လူနှစ်ယောက်က နေအိမ်ထဲကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ပေါင်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုနဲ့ ညောင်တုန်းတို့မှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တို့မှာ စစ်ကောင်စီက လတ် တလောရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်ကာ ပြည်သူ ရှစ်ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျိုက္ကသာ-ခလွန်မီးရထားလမ်းတံတားမိုင်းခွဲခံရပြီးနောက် ဒေသတွင်းကျေးရွာတချို့ကိုစစ်တပ်ကအင်အားရာချီနဲ့ဝင်ရောက်စစ်ဆေးကာ လူငါးဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကDNAကိုပြောပါတယ်။ “စစ်တပ်နဲ့ရဲတွေရယ်အင်အားက တရာဝန်းကျင် နဲ့ ရွာထဲဝင်လာပြီးတော့အိမ်စေ့ဧည့်စာရင်းခေါ်စစ်တယ်၊ပြီးတော့ရွာထဲကလူငယ်နဲ့လူကြီးအရွယ်ငါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမှာ ဘုရားဖူးကားပေါ်လက်နက်ကြီးကျလို့ တဦးသေ၊ခုနစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ (ဇန်နဝါရီ ၂၅ ရက်) နေ့လယ် ၁၂ နာရီလောက်က ကျိုက်ထီးရိုး ဘုရားဖူးလာတဲ့ ခရီးသွားဟိုင်းလတ်ယာဉ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်မှာ ဓားခုတ်သတ်ဖြတ်ခံထားရတဲ့ ဆယ့်သုံးနှစ်အရွယ် ကလေးအလောင်းတလောင်းတွေ့

မွန်ပြည်နယ်၊ရေးမြို့နယ် ရေး-လမိုင်းရထားလမ်းဘေးမှာ ဓားခုတ်သတ်ဖြတ်ခံထားရတဲ့ (၁၃)နှစ်အရွယ် ကလေးတဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီ (၂၂)ရက်မှာတွေ့ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ အဲ့ဒီကလေးငယ်ရဲ့ ရုပ်အလောင်းကို သစ်ကိုင်းတွေနဲ့ ဖုံးဖိဖျောက်ဖျက်ထားတာဖြစ်ပြီး အလောင်းတွေ့ရချိန်မှာ သတ်ဖြတ်ခံထားရတာ ငါးနာရီဝန်းကျင်ကြာပြီလို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။ “သူ့အဖေအမေအလုပ်လုပ်တဲ့ခြံထဲမှာကလေးကသေနေတာ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့မှာ နယ်ထိန်းတဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ပေါ် ရပ်ကွက်တခုအတွင်းမှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က နယ်ထိန်းခေါင်းဆောင် ရဲတပ်ဖွဲ့ဝင် တဦး ပစ်ခတ်ခံခဲ့ရပြီးနေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသွားသူဟာ ရေးမြို့၊အဏ္ဏဝါနန္ဒ(၂)ရပ်ကွက်အပိုင် နယ်ထိန်းခေါင်း ဆောင်ဟိန်းသူရဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]