ဒေသအလိုက် သတင်းကဏ္ဍ

မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ တဦးသေ၊ အမျိုးသမီးတဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၂၂ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဒီလ ၂၁ ရက်၊ ည ၇ နာရီခန့်က နေရာ သုံးနေရာ ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားခဲ့လို့ အမျိုးသားတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “Seaview [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိတ်မြို့မှာ ချိန်းတွေ့နေတဲ့စုံတွဲ ဓားထိုးလုယက်ခံရလို့ လူငယ်အမျိုးသားသေဆုံး

ဇူလိုင်၊ ၄   တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ကန်တော်မင်္ဂလာ ကန်ဘောင်မှာ မနေ့ကညပိုင်းက သမီးရည်းစား စုံတွဲ ချိန်းတွေ့နေစဉ် လုယက်မှုဖြစ်ပြီး ဓားထိုးခံရတာကြောင့် လူငယ်အမျိုးသားတဦး သေဆုံးသွားတယ်လို့ မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မြို့ကNLDအမတ်ရဲ့ အကိုဖြစ်သူ စစ်တပ်ကဖမ်းသွားပြီးနောက်သေဆုံး

ဇွန်၊ ၁၇ တနင်္သာရီတိုင်း၊မြိတ်မြို့နယ်က  NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ အကိုဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဆယ်ရက်အကြာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။ “ မနေ့က (ဇွန်လ ၁၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မှာ PDF ဝင်တိုက်လို့ စစ်ကောင်စီတပ်သားတဦးသေ

ဖေဖော်ဝါရီ၊ (၁၇) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာလမ်းဆုံက စစ်ကောင်စီကင်းစခန်းတခုကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်အစောပိုင်းက PDFကဝင်ရောက်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီဘက်ကတဦးသေ၊တဦးဒဏ်ရာရပြီး သေနက်တလက်သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ ခလရ (၁၀၁)တပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်ဆေးရုံကCDMဆရာဝန်ဒေါက်တာမင်းထက်ပိုင် ပြန်လည်လွတ်မြောက်လာ

အခုလဆန်းက စစ်ကောင်စီလွတ်ငြိမ်းစာရင်းမှာပါပြီး ပြန်လွတ်ခဲ့ပေမယ့် မြိတ်ထောင်ဘူးဝမှာပြန်ဖမ်းခံခဲ့ရတဲ့ CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ဟာ ဇန်နဝါရီ ၃၀ရက်က မြိတ်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေက DNA ကို ပြောပါတယ်။ ” မနေ့ကပြန်လွတ်လာတာ၊သူ့ကို စစ်ဆေးတာတွေရှိခဲ့တယ်လို့တော့ သိရပါတယ်၊တခြားအကြောင်းအရာကတော့ လက်ရှိအခြေအနေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိတ်မြို့အနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိကားထိခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့အနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အရာရှိလိုက်ပါလာတဲ့ကား ထိ ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “(ရုပ်သံဖိုင်ထဲက)ကားအသေးလေးက အရာရှိကားပါ၊အဲ့ဒီကားမီးလောင်တယ်လို့သတင်းရပါတယ် ၊အတည်တော့ မပြုရသေးဘူး”လို့သူကပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်ယာဉ်တန်းဟာ မြိတ်မြို့ဘက်ကနေ ထွက်ခွာလာတာဖြစ်ပြီး ကဒဲကျေးရွာအနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိတ်အထက်တန်းကျောင်းအနီး မိုင်းနှစ်လုံးဖောက်ခွဲမှု စစ်အုပ်စုလက်ချက်ဖြစ်ကြောင်း ပကဖ ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်မြို့အထက်တန်းကျောင်းအနီး မိုင်း၂လုံးဖောက်ခွဲမှုမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လက်ချက် ဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကပြောပါတယ်။ မြိတ်မြို့နယ်၊မြိတ်တောင်နယ်မြေ၊မြို့သစ်ရပ်အထက(၇)အထက်တန်းကျောင်းအနောက်ဘက်၊မြို့သစ်ဈေးအနီးမှာအကြမ်းဖက်စစ်အုပ်စုကမေလ၂၆ရက်နေ့၊ည၆နာရီခွဲနဲ့မေလ၂၇ရက်နေ့၊နံနက်၉နာရီခွဲမှာမိုင်းနှစ်လုံးဖောက်ခွဲခဲ့ကြောင်းမြိတ်ပကဖက မနေ့ညက ထုတ်ပြန်ပါတယ်။ အဲဒီလို မိုင်းခွဲတာဟာ မြိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားအထင်အမြင်လွဲမှားအောင်ပုံဖျက်တိုက်ခိုက်မှုဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ချရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။