No Picture
နိုင်ငံရေး

မန္တလေးက ဓာတ်ပုံဆရာကို စစ်အုပ်စုကဖမ်း ဆီးပြီး နာရီပိုင်းအတွင်း အလောင်းလာထုတ်ခိုင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ဓာတ်ပုံဆရာတဦးကို စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ပြီးနောက် နာရီပိုင်းအတွင်း မိသားစုကို သူရဲ့ ရုပ်အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ အဲဒီဓာတ်ပုံဆရာနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ ၄၄ လမ်း၊ မဟာမုနိဘုရားကြီး မြောက်ဖက်မုဒ်အနီးမှာနေထိုင်တဲ့ ကိုအောင်ဝင်းထွဋ် ခေါ်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ တရက်တည်း မီးလောင်မှုငါးကြိမ်၊ပေါက်ကွဲမှုသုံးကြိမ်ဖြစ်

ဖေဖော်ဝါရီ ၊ ၂၂ မန္တလေးမြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၂ ရက် တရက်တည်း မီးလောင်မှုငါးကြိမ်နဲ့ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်း လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ မီးလောင်ကျွမ်းမှု ငါးကြိမ်လုံးမှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် အဆောက်အဦးထိခိုက်ပျက်ဆီးမှုတွေတော့ရှိခဲ့တယ်လို့ လူမူကယ်ဆယ်ရေး လုပ်ကိုင်နေသူ တဦးကပြောပါတယ်။ “လူထိခိုက်တာမျိုးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ နေအိမ်မီးလောင်ပြီး အမျိုးသမီးတဦးသေဆုံး

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်အတွင်းက နေအိမ်တလုံးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦးသေဆုံးသွားတယ်လို့ လူမူကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ အသင်းအဖွဲ့တွေဆီက သိရပါတယ်။ ‘’ သေဆုံးတဲ့အမျိုးသမီးကတော့ ကျွန်တော်တို့နဲ့ မီးသတ်အဖွဲ့မီးငြှိမ်းနေတုန်း အိမ်ရဲ့အနောက်ဆုံးရေကန်နားလေးမှာ တွေ့တာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ၂၀ ဦးထက်မနည်းမ တရားရိုက်နှက်ခံရလို့ ဒဏ်ရာအပြင်းအထန်ရရှိ

  မန္တလေးမြို့က ဗဟိုအကျဉ်းထောင် (အိုးဘို) ရှိ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ မတရားရိုက်နှက်ခံထားရတဲ့အတွက် ဒဏ်ရာတွေ အပြင်းအထန်ရရှိထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ အိုးဘိုအကျဉ်းထောင်အတွင်းမှာ ဒီလ ၄ ရက်နေ့က အမျိုးသမီးအကျဉ်းဆောင် ၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးက တရားလွှတ်တော်ရှေ့နေတွေဆက်တိုက်အဖမ်းခံနေရ

မန္တလေးမြို့က ရှေ့နေအမျိုးသမီး ၂ ဦးကို အခုဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်ကောင်စီကထပ်မံဖမ်းဆီးသွားတယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်၊   မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း ၃၅ လမ်း နဲ့ ၃၄ လမ်းကြားရှိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူလေးဦး ဖမ်းဆီးခံရပြီး တနှစ်ကြာတဲ့အထိသတင်းပျောက်ဆုံးနေ

မန္တလေးသပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူအမျိုးသား ၄ဦးကို စစ်ကောင်စီကဖမ်းဆီးသွားပြီးတဲ့နောက်ပိုင်း တနှစ်ကြာအထိ မိသားစုနဲ့လုံးဝအဆက်အသွယ်ရတာမရှိဘူးလို့  မန္တလေး သပိတ်အင်အားစုက  မနေ့ ဖေဖော်ဝါရီ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀၀ ဖေဖော်ဝါရီ ၉ရက်ညနေပိုင်းမှာ မန္တလေးမြေပြင်သပိတ်တွေမှာ ပါဝင်နေတဲ့ ကိုသူရအောင်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

မန္တလေးတိုင်းမှာတပတ်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သုံးဦး ပစ်သတ်ခံရ

မန္တလေးတိုင်းအတွင်းမှာ ဒီလ ဖေဖော်ဝါရီ ၁ ရက်ကနေ၇ ရက် အထိ ရက်သတ္တပတ်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချူပ်ရေးမှူး သုံးဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလပထမပတ်အတွင်း DNA ကပြုစုထားတဲ့ စာရင်းတွေအရ ၄ ရက်နေ့မှာ တကြိမ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေး PDF ရဲဘော်တွေကို အခြေခံဆေးကုသနည်း သင်တန်းပေး

အမျိုးသားညီညွတ်ရေး အစိုးရ NUGရဲ့ ကာကွယ်​ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူကာကွယ်ရေး တပ်မတော် (မန္တလေး) ကရဲဘော်တွေကို စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်အတွက် အခြေခံ ဆေးကုသနည်း သင်တန်းကို ပေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်မိုးကြိုးကပြောပါတယ်။   အဲဒီသင်တန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့ဝင်တွေ

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို MDY-PDF က ဒီကနေ့ ထုတ်ပြန်လာတာပါ။ MDY-PDF တာဝန်ရှိသူတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အခုလအတွင်း တွေ့ဆုံကာ ဒီနှစ်အတွင်း လုပ်မယ့်စစ်ရေးစီမံချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ ဇန်နဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုက စစ်ဆေးရေး အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်နေ

မန္တလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးရေးအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ စစ်ကောင်စီတပ်တွေစုပေါင်းပြီး မြို့တွင်းနေရာတချို့မှာ ရွေ့လျား စစ်ဆေးမှုတွေလုပ်နေပြီး လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ဖမ်းဆီးငွေညစ်တာတွေလုပ်နေတာလို့ ဆိုကြပါတယ်။ ” စစ်သားတွေနဲ့ ရဲတွေစစ်ရင် သူတို့က [ဆက်လက်ဖတ်ရှုရန်]