
မတ္တရာစခန်းတစ်ခုကိုဝင်စီးတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၁၁ဦးသေ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကုန်းကျေးရွာအတွင်းရှိ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းဖို့လာတဲ့ အကြမ်းဖက်စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၁ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၇နာရီ၁၅မိနစ်လောက်မှာ အင်အားသုံးဝင်ရောက်စီးနင်းဖို့လာတဲ့ အကြမ်းဖက်တပ်ကို မိုင်းဆွဲ ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၅ဦးလည်းဒဏ်ရာရခဲ့တယ်လို့ မတ္တရာPDF ကထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စခန်းအနီးရှိ ရွာသား၅ဦးကို ဖမ်းဆီးသွားပါတယ်။