ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြို၊ ရေလယ်ကျွန်းကို အကြမ်းဖက်စစ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်း ၇ နာရီ အချိန်လောက်ကစပြီး နွယ်နီကျွန်းကနေတစ်ဆင့် ရေလယ်ကျွန်းဒေသကို စစ်သား ၅၀ လောက်နဲ့ ထိုးစစ်ဆင်လာပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်ကားတစ်စီး မိုင်းထိ၊ ၃ ဦး ပွဲချင်းပြီးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်မှာ ရေစကြိုမြို့နယ်၊ဆင်ချောင်းရွာနဲ့ ဇီးကုန်းရွာကြားမှာ အကြမ်းဖက်စစ်ကားနှစ်စီးကို မိုင်း ( ၂ ) လုံးဆွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူ စီမံ/ဘဏ္ဍာဌာနတွင်း ပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ အခွန်ဦးစီးဌာနရုံးကို ဒီနေ့မွန်းလွဲပိုင်းမှာ ဒေသတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းကာ ဌာနဆိုင်ရာပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့သိမ်းဆည်းခြင်းတို့ပြုလုပ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ဖွဲ့စည်း

ဒေသတွင်း ပြောက်ကျား ၄ ဖွဲ့စုစည်းပြီး ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်ပါတယ်။ ယောဒေသတွင်း တကွဲတပြားစီဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တသွေးတသားတည်း စည်းလုံးညီညွတ်မှုနဲ့ ယောဒေသပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုကာလောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)၊ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KTU-PDF)၊ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Htilin PDF)နဲ့ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ပူးပေါင်း ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ထုတ်ဘီယာရောင်းတဲ့ဆိုင်နဲ့ လောင်းကစားလုပ်တဲ့အိမ်ကိုဝင်စစ်၊ကား၂စီးကို တော်လှန်ရေးအ တွက်သိမ်

ပခုက္ကူမြို့ပေါ်က စစ်တပ်ထုတ်ကုန်ဘီယာရောင်းချတဲ့စားသောက်ဆိုင်နဲ့ လိုင်းကြေးပေးလောင်းကစား လုပ်နေတဲ့ အိမ်တို့ကို PDF တွေက ရှောင်တခင်ဝင်စစ်ကာ ကား၂စီးကိုတော်လှန်ရေးအတွက်သိမ်းယူခဲ့လို့ သိရပါတယ်။ မတ်လ၂၄ရက်နေ့ ညနေ၅နာရီလောက်မှာ ပခုက္ကူမြို့စက်မှုဇုန်(၆)လမ်းရှိ စားသောက်ဆိုင်ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ တားမြစ်စစ်တပ်ထုတ်ကုန် မြန်မာဘီယာနဲ့ဒဂုန်ဘီယာအပါအဝင် တခြားဆက်စပ်ပစ္စည်းတွေ ရောင်းချနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မြို့နယ် သရက်ကန်ကျေးရွာရှိ စစ်အုပ်စုစခန်း အတိုက်ခံရပြီး ၁၇ ဦးသေ

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၇ ဦး သေဆုံးခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ မတ်လ ၂၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူလေယာဉ်ကွင်းနား စစ်ကားမိုင်းထိ၊၅ဦးပွဲချင်းပြီးသေ

မကွေးတိုင်း၊ပခုက္ကူမြို့ လေယာဉ်ကွင်းအနီးမှာ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ၂၀ရက်၊နေ့ခင်း ၁၂နာရီမိနစ်၄၀လောက်က ပခုက္ကူ- ရေစကြို လမ်းပိုင်းကနေ ပခုက္ကူကို ပြန်လာတဲ့စစ်ကားတစ်စီးကို ပခုက္ကူ လေယာဉ်ကွင်းအနီးအရောက် Pakokku North PDF နဲ့Southern [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့ဘက်တက်လာတဲ့ အကြမ်းဖက်တပ် စောင့်တိုက်ခံရ၊ ၅ဦးသေ

မကွေးတိုင်း၊ဆောမြို့ဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ် လမ်းမှာစောင့်ဆိုင်းတိုက်ခိုက်ခံရပြီး ၅ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဆောမြို့နယ်၊လောင်းရှည်ရွာကနေ ဆောမြို့ပေါ် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ် အင်အား ၅၀ ကျော်ကို ဒီနေ့မနက်၉နာရီလောက်မှာ လောင်းရှည်PDF က လပို့တောင် ၊ဘုရားအနောက်ဘက်ခြမ်း ခင်ကြောမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်သားတစ်ဦး CDM ဝင်

မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်တွေနဲ့ အတူ CDM ဝင်ပြီး ပူးပေါင်းလာတယ်လို့ ရေလယ်ကျွန်း ဒေသပျောက်ကြားတပ်ဖွဲ့ကဒီနေ့ မတ်လ ၁၈ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရဲဘော် အာကာစိန် သည် G-3 တစ်လက်၊ကျည်ဆံတွေနဲ့အတူ မတ်လ(၈)ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုထုတ်ကုန်တွေ ရေလယ်ကျွန်းမှာ လုံးဝမရောင်းဖို့ ထုတ်ပြန်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသမှာ မတ်လ ၂၅ ရက်နောက်ပိုင်း အကြမ်းဖက်စစ်အုပ်စု ထုတ် ကုန်တွေကို လုံးဝရောင်းချခြင်းမပြုကြဖို့ သတိပေးလိုက်ပါတယ်။ ရေလယ်ကျွန်းဒေသက ဈေးဆိုင်၊ စတိုးဆိုင်နဲ့ ဘီယာ၊ အရက်ဆိုင်တွေအနေနဲ့ စစ်အုပ်စုထုတ်ကုန် ဘီယာ၊ ဆေးလိပ်၊ ဆင်းကတ်၊ ဖုန်းဘေလ်နဲ့ [ဆက်လက်ဖတ်ရှုရန်]