နိုင်ငံရေး

သန်လျင်မှာ ဘေးတွဲဆိုင်ကယ်တွေ လမ်းမကြီးတွေပေါ်တက်ရင် ဖမ်းဆီးမယ်ဆိုတာကြောင့် အငှားလိုက်သူတွေနဲ့ စီးနင်းသူတွေ အခက်တွေ့

မေ၊ ၂၀ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သန်လျင်-ကျောက်တန်းလမ်းမကြီးပေါ်မှာ ဘေးတွဲဆိုင်ကယ်တွေ မောင်းနှင်ဖြတ်သန်းရင် ဖမ်းဆီးမယ်လို့ စစ်ကောင်စီက ပြောဆိုထားတာကြောင့် ဘေးတွဲအငှားလိုက်သူတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။   တရားဝင်အမိန့်ထုတ် တားမြစ်ထားတာမျိုးမဟုတ်ပေမယ့် အဲ့ဒီလမ်းမကြီးပေါ် ဖြတ်သန်းလာတဲ့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေကို စစ်ကောင်စီလက်အောက်ခံတွေက [ဆက်လက်ဖတ်ရှုရန်]