အကြမ်းဖက်ဖမ်းဆီးမှုတွေ ကြားက အံတုနေဆဲ ရန်ကုန် ပျောက်ကြားသပိတ်
နိုင်ငံအနှံ့အပြားမှာ အာဏာသိမ်းစစ်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားနေကြပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာလိုမြို့ကြီးတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးလက်ဒေသတွေနဲ့ အချို့ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေဟာ လက်နက်မကိုင်ပဲ ပျောက်ကြားသပိတ်ကို ဆင်နွှဲပြီး ဆက်လက်တွန်းလှန်နေတာပါ။ [ဆက်လက်ဖတ်ရှုရန်]