ဒေသအလိုက် သတင်းကဏ္ဍ

သက္ကလ၊ မြို့မစံပြရပ်ကွက်မှာ တစ်အိမ်တက်ဆင်းဖုန်းစစ်၊ပြည်သူ၃ ဦးဖမ်းဆီးခံ

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာပဲခူးတိုင်း၊ သက္ကလမြို့၊ မြို့မစံပြရပ်ကွက်အတွင်း တစ်အိမ်တက် ဆင်းဖုန်းလိုက်လံစစ်ဆေးပြီး ပြည်သူ၃ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဘာ့ကြောင့် ဖုန်းလိုက်စစ်သလဲဆိုတာကို အတိအကျမသိပေမယ့် ဧပြီ၆ရက်နေ့ ကမြို့မ စံပြ ရပ်ကွက်အတွင်းရှိ သက္ကလမြို့အထက်တန်းကျောင်းရှေ့ မှာ ၁၀တန်းစာမေးပွဲတင်ဖြေနေတဲ့ကျောင်းသားကို လာစောင့်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သက္ကလမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတဦးကို ပြန်လွတ်ပေ

ပဲခူးတိုင်း၊ သက္ကလမြို့ပေါ် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတစ်ဦးကို မနေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဧပြီ ၅ ရက်နေ့၊ည ၁၀ နာရီလောက်မှာ သက္ကလမြို့ပေါ် စစ်အုပ်စု စီးနင်းလာတဲ့ကားကို ကဝ PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မရိုးခုံကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ဦးသေ

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းမှာရှိတဲ့ ရိုးမပတ်လမ်းအတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၆နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သက္ကလ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦး ကျည်ထိမှန်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦးဟာ အကြမ်းဖက်စစ်သားရဲ့လက်ချက်နဲ့ ကျည်ထိမှန်ကာ ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီ ၃၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ ၁၀ တန်းစာမေးပွဲဖြေနေတဲ့ ကျောင်းသားကို လာစောင့်နေသူ ကျောင်းသားမိခင်တစ်ဦးဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကဝသုံးနေရာမှာ အဝေးထိန်းမိုင်းဖောက်ခွဲ၊ ပြည်သူတွေ ရှိနေလို့ ရလဒ်လွဲချေ

ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်း အကြမ်းဖက်စစ်ရေးပစ်မှတ် ၃ နေရာကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့ပေမဲ့ ပြည်သူတွေ ရှိနေတာကြောင့် ရလဒ်လွဲချော်ခဲ့ရကြောင်း ကဝ PDF က ထုတ်ပြန်ပါတယ်။ မနေ့က ကဝမြို့နယ်၊ သက္ကလမြို့ထဲ စစ်အုပ်စုစီးနင်းလာတဲ့ကား၊ ကဝမြို့ ငါးထပ်ကြီးဘုရားလမ်းထိပ်ရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရဲတမန်ကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီးလင်မယား ရှင်းလင်းခံရ

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုကျေးရွာအုပ်စု ရဲတမန်ကျေးရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး လင်မယားကို သာယာဝတီ PDFက ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၅ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုန်းနှဲ၊ သက္ကလနဲ့ ကဝမြို့ အထက်တန်းကျောင်းတွေနားမှာ ဗုံးပေါက်ကွဲ

ပဲခူးတိုင်း ကဝမြို့နယ်အတွင်းရှိ အုန်းနှဲ၊သက္ကလနဲ့ကဝမြို့တို့က တက္ကသိုလ်ဝင်စာမေးပွဲ ပြုလုပ်နေတဲ့အထက်တန်းကျောင်းတွေ အနီးမှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ အုန်းနှဲကျောင်းရှေ့မှာ ဒီမနက် ၁၁နာရီလောက်က စစ်အုပ်စုပြုလုပ်တဲ့ တက္ကသိုလ် ဝင်စာမေးပွဲဖြေနေတုန်းမှာ အသံကျယ်လောင်တဲ့ ဗုံးပေါက်ကွဲခဲ့ရာမြေကြီးပါ တုန်သွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာKawaInformation ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူကို ဒုက္ခပေးနေတယ်ဆိုတဲ့ ကြို့ပင်ကောက်အုပ်ကြီးနဲ့ဇနီးကို ရှင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့နယ်၊ ရဲတမန်ရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦးနဲ့ ဇနီးတို့ဟာ ကျေးရွာပြည်သူတွေအပေါ် ဖိနှိပ်မှုအမျိုးမျိုး ပြုလုပ်နေခြင်း၊ ကျေးရွာက တက်ကြွလှုပ်ရှားလူငယ်တွေကို PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-ပြည်ကားလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရန်ကုန် – ပြည် ကားလမ်းပါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေကို ဒေသခံPDF တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဂုံမင်းမြောင်ကျေးရွာ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှေ့မှာ ရန်ကုန် – ပြည် ကားလမ်းပေါ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆွာရဲစခန်း လောင်ချာနဲ့ ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အတွင်းရှိ ဆွာနယ်မြေရဲစခန်းကို ၄၀(မမ) လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ည ၇ နာရီကျော်က ဆွာနယ်မြေရဲစခန်းကို တောင်ငူခရိုင် တပ်ရင်း (၁) နဲ့ ရေတာရှည် PDF (၂) တို့က [ဆက်လက်ဖတ်ရှုရန်]