No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ပအိုဝ်းစစ်ရှောင်သုံးသောင်းဝန်းကျင် တောတောင်ထဲနေထိုင်ရပြီး အကူအညီလိုအပ်နေ၊ စစ်အုပ်စုက စားသောက် ကုန်သယ်ယူခွင့်ပိတ်ပင်ထား

ဩဂုတ် ၊ ၂၄ ပအိုဝ်းဒေသအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊မီးရှို့သတ်ဖြတ်တာ၊ခြိမ်းခြောက်ဖမ်းဆီး တာတွေကြောင့် ဒေသခံတသိန်းထက်မနည်းနေရပ်စွန့်ခွာနေကြရပြီး သုံးသောင်းဝန်းကျင်ကတော့ တောထောင်ထဲဖြစ်သလို နေထိုင်ရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DNAကိုပြောပါတယ်။ “ဘုန်းကြီးကျောင်း၊တောတောင်ထဲလှိုဏ်ဂူတွေထဲ၊သစ်ပင်အောက်၊အဆင်ပြေသလိုနေရတဲ့လူတွေရှိတယ်၊စစ်ဘေးရှောင်စခန်းလည်းမနေရ၊ဘုန်းကြီးကျောင်းလည်းမနေရ၊တောတောင်ထဲမှာနေရတာကတော့ သုံးသောင်းလောက် ရှိနိုင်တယ်”လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]