ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းမိုးကြောင့် ဒီပဲယင်းနဲ့ခင်ဦးက ပဲစိုက်ဧက နှစ်ထောင်ကျော် ပျက်ဆီး

မေ၊ ၁၆   စစ်ကိုင်းတိုင်းအတွင်းက (ဒေသအခေါ်) ရာသီသီးနှံတွေ စိုက်ပျိုးလေ့ရှိတဲ့ ဒီပဲယင်း၊ ခင်ဦးမြို့နယ်ထဲက ပဲတီစိမ်းစိုက်ခင်းဧကပေါင်း နှစ်ထောင်ကျော်လောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးများခဲ့တဲ့အတွက် ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဦးမြို့က စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မေ၊ ၉ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ် ရေဦးအနောက်ဖက်ခြမ်းရှိ တင်းတိန်ရံ ဈေးအနီးက ထန်းတောဗောဓိကျောင်းကို စစ်အုပ်စုက လေကြောင်းကတဆင့် ဒီကနေ့မေလ ၉ ရက် နေ့လယ် ၂ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းအနောက်ခြမ်းရှိကျေးရွာသုံးရွာတပတ်အတွင်း မီးရှို့ခံရ၊ အရပ်သားတဦးကို နားရွက်ဖြတ်

ဧပြီ၊​ ၄ နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး ဒီပဲယင်းအနာက်ခြမ်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ရေဦးအထိုင်တပ်တခုဖြစ်တဲ့ တပ်မ (၁၁)ဟာအင်အားရာဂဏန်းနဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး မတ်လ ၃၀ ရက်နေ့ကစလို့ တပါတ်တာအတွင်း မကျည်းစောက်၊ ဘုရားထွက် (သာစည်ရွာ)၊ မဲသည်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းအနောက်ခြမ်းကရွာတွေကို သုံးရက်ဆက်တိုက် လေကြောင်းကပစ်ခတ်နေလို့ ဒေသခံ ငါးထောင်ကျော်ထွက်ပြေးနေရ

ဧပြီ၊ ၂ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅၀၀၀ လောက်ဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောပါတယ်။   ပြီးခဲ့တဲ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီးဘေးသင့် ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလဆန်းအတွင်း စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ စစ် ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်တပ်က ရေဦးနယ်ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ ဒေသခံအမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ခံက DNA ကိုပြောပါတယ်။ “ကျွန်တော်တို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စာသင်ကျောင်းကို လေကြောင်း ကတိုက်ခိုက်မှု NUG ရှုတ်ချ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ကစာသင်ကျောင်းကို လေကြောင်းတိုက် ခိုက်မှုလုပ်ခဲ့တဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာန သုံးခုကပူးတွဲထုတ်ပြန်ပါတယ်။ ဒီပဲယင်းက လက်ယက်ကုန်းရွာမှာ လွန်ခဲ့တဲ့နှစ်ရက်က ကျောင်းဖွင့်စာသင်နေချိန်မှာပဲ စာသင်ကျောင်းကိုစစ်တပ်က လေကြောင်းကပစ်ခတ်တိုက်ပြီး စီး နင်းခဲ့လို့ ကျောင်းသားတချို့သေဆုံးခဲ့သလိုအများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ရေဦးခရိုင်၊ဒီပဲယင်းမြို့နယ်အတွင်းက မူးခံတွင်းရွာနဲ့လက်ယက်ကုန်းရွာတွေကို စစ်တပ်တွေက ရ ဟတ်ယာဥ်တွေနဲ့အကြောင်းမဲ့ပစ်ခတ်လို့(၁၁)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး တယ်လို့ ဒီပဲယင်း PDF ကဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အဲ့ဒီရွာတွေမှာ လတ်တလောတိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်တပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့အကြောင်း မဲ့ ပစ်ခတ်တိုက်ခိုက်တာြဖစ်ပြီး (၁၁) နှစ်အရွယ် ကလေးငယ်ဟာ ဦးခေါင့်ပွင့်ဒဏ်ရာအပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF တွေ လုံခြုံရေး ယူချီတက်လာတဲ့ ဒီပဲယင်း​ကျေးလတ်သပိတ်

နယ်မြေမတည်ငြိမ်မှုတွေကြားမှ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာတစ်ရွာမှာ အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး ကျေးလက်သပိတ်စစ်ကြောင်း ကိုဒီနေ့ (ဧပြီ ၂၅) ရက်နေ့ နေ့လယ်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ ကြပါတယ်။ အဆိုပါ သပိတ်စစ်ကြောင်းအတွင်း ဆန္ဒပြပြည်သူတွေ လုံခြုံရေးအတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ဖြစ်ပွားတဲ့ ဒီပဲယင်းတိုက်ပွဲအကြမ်းဖက်စစ်သား ၁၀ဦးသေ

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊တနယ်-ဆင်ရောက်ကုန်းရွာမှာ ခေတ္တအထိုင်ချနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူလည်း များကြောင်းသိရပါတယ်။ ဒီနေ့ မှာ C&T SHWEBO၊ SNAKE EYES-PDF နဲ့ တပ်ပေါင်းစု(၂)တို့ဟာ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ သွားရောက်အားဖြည့်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စစ်အုပ်စု စစ်ကြောင်းတစ်ခု မိုင်းထိပြီး ၄ ဦးထက်မနည်း သေ

ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ ဦးထက် သေဆုံးခဲ့တယ်လို့ ဂဠုန်တပ်တော်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]