တောင်ကုတ်မြို့သိမ်းတိုက်ပွဲ AA စတင်
Photo – နိရဥ္စရာ ဇွန်၊ ၁၆ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ကိုအာရက္ခတပ်တော်(AA)က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့ကို ပြီးခဲ့တဲ့လပိုင်းကစလို့AAကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အဲဒီနောက် သံတွဲမြို့နဲ့မိုင်လေးဆယ်ကျော်အကွာမှာတည်ရှိတဲ့တောင်ကုတ်မြို့ကို မနေ့ကဇွန်လ၁၅ရက်ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “ဟိုဖက်(စကစ)ကလေယာဥ်နဲ့ညလုံးပေါက်ဗုံးလာကြဲတယ်ပြောတယ်၊တပ်တော်ကတော့စစ်တပ်အထိုင်စခန်းတွေကိုစချနေပြီ”လို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။ စစ်ကောင်စီဖက်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မူတွေကြောင့်အရပ်သားထိခိုက်မူတွေရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေအနေကိုDNAက [ဆက်လက်ဖတ်ရှုရန်]