နိုင်ငံရေး

စစ်ရေးအဆုံးအဖြတ်နှစ်လို့ NUG ထုတ်ပြောထားတဲ့ နှစ်တဝက်ကျော်ကာလမှာ တနင်္သာရီတိုင်းအတွင်း ဘာတွေဖြစ်နေလဲ

မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ အခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အရင်နှစ်တွေကထက် တိုက်ပွဲပိုများလာပြီး စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်နိုင်တာတွေ ရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အခု ၂၀၂၃ ခုနှစ်ကို စစ်ရေးအရှိန်မြှင့်မယ့် နှစ်တနှစ်ဖြစ်သလို အဆုံးသတ်တိုက်ပွဲကာလနှစ်အဖြစ်လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် စစ်ရှောင်ဦးရေ ပိုများလာ

ဇူလိုင်၊ ၉   တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရင်နှစ်တွေကထက် အခု ၂၀၂၃ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ပိုများလာရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။   ” အခုနောက်ပိုင်းမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထန်းတပင်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူသုံး

ဇူလိုင်၊ ၇   ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာ မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တကျော့ပြန်စစ်ပွဲတွေကြောင့် နေရပ်ပြန်နမ်ဆန်ယန်စစ်ရှောင်တွေ ထပ်ပြီးထွက်ပြေးနေရ၊ စစ်ကောင်စီဘက်က တပ်ဆုတ်တာမရှိရင် တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း KIA ပြော

ဇူလိုင်၊ ၆   ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန် ကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေလို့ ဒေသခံတွေထပ်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချူပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ငွေတွင်းရွာက စစ်ကောင်စီစခန်းကို PDF ဝင်တိုက်၊ နှစ်ဘက်ပစ်ခတ်မှုမှာ ဒေသခံ ၁၅ ဦးသေဆုံး

ဇူလိုင်၊ ၆   စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာကို ဇူလိုင်လ ၅ရက် မနေ့က မနက်က ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဝင်တိုက်ရာမှာ နှစ်ဘက်တိုက်ပွဲအတွင်း ဒေသခံ ၁၅ ဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဇွန်လအတွင်း ကရင်နီဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ဝန်းကျင်သေဆုံး ခဲ့တယ်လို့ KNDF ပြော

ဇူလိုင်၊ ၅   ပြီးခဲ့တဲ့ ဇွန်လအတွင်း ကရင်နီဒေသက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။   ဇွန်လအတွင်း ကရင်နီဒေသမှာ မယ်စဲ့မြို့နယ် တပတ်ကြာတိုက်ပွဲ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးဂိတ်ဝင်တိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ

ဇူလိုင်၊ ၄   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တခုကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းက တလိုင်းရွာ စီးနင်းခံရပြီး တော်လှန်ရေးအဖွဲ့ဝင် ငါးဦးကျဆုံး

ဇူလိုင်၊ ၄   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်း (ခေါ်) ထီးလှိုင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ ‌တော်လှန်ရေးအင်အားစုက တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးပြီး လက်နက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံအနှံ့က တရုတ်စီမံကိန်းတွေအနီး တိုက်ပွဲဖြစ်မှု လျော့ကျလာ

ဇူလိုင်၊ ၄   စစ်တပ်အာဏာသိမ်းထားတဲ့ ၁၄ လတာ ကာလနှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံတဝှမ်းက တရုတ်စီမံကိန်းတွေ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်နီးပါး လျော့ကျသွားတယ်လို့ ISP Myanmar ရဲ့ လေ့လာစောင့်ကြည့်မှု အချက်အလက်တွေအရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၃၆ ဦးရှိတယ်လို့ ထုတ်ပြန်

ဇူလိုင်၊​ ၃   ကရင်နီ (ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ ၃၆ ဦးရှိတယ်လို့ ကရင်နီ လူ့အခွင့်ရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက DNA သတင်းဌာနကို ပြောကြားပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]