နိုင်ငံတကာရေးရာ

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ ရပ်တန့်ဖို့ တရုတ်တောင်းဆို

အောက်တိုဘာ၊ ၂၇   မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ဖို့အတွက် နှစ်ဖက်စလုံးကို တရုတ် အစိုးရက တောင်းဆိုလိုက်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မြို့မှာလည်း စစ်ကောင်စီတပ် ထိုးစစ်ဆင်ခံနေရ

အောက်တိုဘာ၊ ၂၇   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ဒီကနေ့ မနက် ၅ နာရီခွဲလောက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ခံတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲဖြစ်ခဲ့တဲ့ ကျောက်စိမ်းကုမ္ပဏီဝင်းထဲ ကျောက်လာယူသူတွေကို တပ်က ပစ်ခတ်ဖြိုခွင်း

အောက်တိုဘာ၊ ၂၆   ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီ ဝင်းအတွင်းမှ ကျောက်တွေလာယူနေကြသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းလို့ ထွက်ပြေးခဲ့ကြရသလို ကားနဲ့ ဆိုင်ကယ်ရာချီလည်း ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ငါးနာရီကြာ ဆက်တိုက်ပစ်ခတ်

အောက်တိုဘာ ၊ ၂၆   မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေပြီး စစ်အုပ်စုက နေ့လယ်ပိုင်းအထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုးကန့်ဒေသမှာ စစ်တပ်က လက်နက်ကြီးပစ်လို့ အမျိုးသမီးတဦးသေ၊ နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ၊ ၂၆   အာဏာသိမ်းစစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသက လူနေရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီးတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)က ထုတ်ပြန်ထားပါတယ်။   ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး

အောက်တိုဘာ ၊ ၂၅ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပေါ်က သာရိုးကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးသွားတယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။  ဘုတလင်မြို့နယ် အနောက်တောင်ဘက် ခုနစ်မိုင်ခွဲလောက်အကွာက ယုန်လှေးကုန်းကျေးရွာကို စစ်ကြောင်းထိုး ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မှာ ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ စစ်ရှောင်သုံးထောင်ကျော် အခက်ကြုံနေ

အောက်တိုဘာ၊ ၂၅   မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေရေးထိုင်ရေးတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမှာ PDF တိုက်ခိုက်လို့ တပ်သားနှစ်ဦးသေဆုံးအပြီး စစ်တပ်ကပစ်လို့ အရပ်သားနှစ်ဦးသေဆုံး

အောက်တိုဘာ၊ ၂၄   စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာလ ၂၃ ရက်၊ မနက် ၇ နာရီ လောက်မှာ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး သေနတ်မှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သရက်ချောင်း တိုက်ပွဲအတွင်း PDF နှစ်ဦးကျဆုံးပြီး ဒေသခံနှစ်ဦးလည်း ပစ်သတ်ခံရ

အောက်တိုဘာ၊ ၂၃ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင် နှစ်ဦးကျဆုံးပြီး ရွာခံလူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တခြားရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ရငဲကို ပြန်လာတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ စစ်တပ်က ဖမ်းထားသူ ရှစ်ဦးထဲက တဦးသေဆုံးပေမယ့် အလောင်းပြန်မပေး

အောက်တိုဘာ၊ ၂၃   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ပုဏ္ဏားကြီးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ရှစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ဖမ်းဆီးပြီး နှိပ်စက်ခဲ့ရာ တဦးသေဆုံးခဲ့ပေမယ့် အလောင်းပြန်မပေးဘူးလို့ ဒေသခံထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]