တာတိုင်ရွာက ကဖက တဦးအပါအဝင် အရပ်သား တဆယ့်ခြောက်ဦး စစ်ကောင်စီလက်ချက်နဲ့သေဆုံး
မတ်၊ ၂ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ရဲဘော်တဦးအပါအဝင်အရပ်သား ၁၆ ကို စစ်ကောင်စီတပ်ကဒီကနေ့ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းမူမြို့အထိုင် စစ်ကောင်စီ တပ်မ ၃၃လက်အောက်ခံတပ်အချို့ဟာစစ်ကိုင်းမြို့၊ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာနဲ့ပန်းချီကျေးရွာတွေကိုမနေ့ကဝင်ရောက်ပြီးတာတိုင်ရွာက ဒေသခံ၁၅ကို ဖမ်းဆီးကာ ဒီကနေ့ ပြန်ထွက်သွားချိန်မှာ သတ်ဖြတ်ခဲ့တာလို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]