ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း၊ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ကူနဲ့ ဝင်ရောက်မီးရှို့

စစ်ကိုင်းမြို့နယ်အတွင်းရှိ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူနဲ့ ဝင်ရောက်လာကာ ရွာကိုမီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာဒီကနေ့မနက်ပိုင်းမှာ ရွာမြောက်ဘက်ကနေဝင်လာတယ်လို့ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ‘စစ်ခွေးတွေ အင်အားတော်တော်များတယ်လို့ သိရတယ်။တချို့လည်း မရှောင်နိုင်တော့လို့ ရွာထဲမှာပဲပုန်း နေကြတယ်လို့ ရှောင်နိုင်တဲ့ရွာသားတွေကပြောတယ်။မပြေးနိုင်တဲ့သူတွေ အဖမ်းခံထားရတယ်’လို့ စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေ [ဆက်လက်ဖတ်ရှုရန်]