နိုင်ငံရေး

ရေဦးမှာ စစ်ကောင်စီတပ်က PDF နှစ်ဦးနဲ့ အရပ်သားနှစ်ဦးကို သတ်ဖြတ်

နိုဝင်ဘာ၊ ၁   စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကင်းသမားနှစ်ဦးနဲ့ အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။   အင်အား ရှစ်ဆယ်ဝန်းကျင်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကို ထပ်မံသတ်ဖြတ်

အောက်တိုဘာ၊ ၃၁   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာမှာ စစ်ကောင်စီတပ် ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်က ဒေသခံ အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်ပြီးနောက် အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ အရပ်သား ၁၅ ဦး ဖမ်းဆီးခံရပြီး ငါးဦးသတ်ဖြတ်ခံရ

အောက်တိုဘာ၊ ၂၇   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ငါးဦးကို သတ်ဖြတ်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။   အင်အား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စဥ့်ကူးနဲ့ မတ္တရာမြို့တွေမှာ စစ်တပ်လက်ချက်နဲ့ သေဆုံးတဲ့ အလောင်းငါးလောင်းတွေ့ရှိ

အောက်တိုဘာ၊ ၂၆   မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေကို စစ်ကောင်စီတပ်က ရေလမ်းကနေ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကြောင်းထွက်ခွာချိန် အသတ်ခံရတဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မှာ ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ စစ်ရှောင်သုံးထောင်ကျော် အခက်ကြုံနေ

အောက်တိုဘာ၊ ၂၅   မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေရေးထိုင်ရေးတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်စီးပွားရေးဇုန်အနီးက ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

အောက်တိုဘာ၊ ၂၅   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲရှိ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေသေးတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   ” တော်တော်များများက ရွာထဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီး၊ ဒေသခံတွေထွက်ပြေးနေရ

အောက်တိုဘာ၊ ၂၄   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်က ဝပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။   ” PDF တွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ စစ်တပ်က ဖမ်းထားသူ ရှစ်ဦးထဲက တဦးသေဆုံးပေမယ့် အလောင်းပြန်မပေး

အောက်တိုဘာ၊ ၂၃   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ပုဏ္ဏားကြီးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ရှစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ဖမ်းဆီးပြီး နှိပ်စက်ခဲ့ရာ တဦးသေဆုံးခဲ့ပေမယ့် အလောင်းပြန်မပေးဘူးလို့ ဒေသခံထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်တပ်က တလအတွင်း ငါးကြိမ်မြောက်မီးရှို့

အောက်တိုဘာ၊ ၂၀   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် စက္ကန့်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီကနေ့အပါအဝင် တလအတွင်း ငါးကြိမ်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ တရာဝန်းကျင်လောက်အထိ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ မီးခိုးတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေစကြိုမှာ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့၊ သက်ကြီးအမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ၊ ၂၀   မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ပိုင်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မနေ့ ကမနက်ပိုင်းမှာ စစ်ကြောင်းထိုး မီးရှို့ခဲ့သလို ဒေသခံအမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]