နိုင်ငံရေး

ရခိုင်က ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့ခွင့် ထပ်ပိတ်ခံရလို့ အခက်ကြုံနေရ

သုံးလကျော်ကြာ ရိက္ခာဖြတ်တောက်ခံခဲ့ကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီး ခဲ့ တဲ့ ဒီဇင်ဘာလမှာထောက်ပံ့ခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီက ထောက်ပံ့ခွင့်ပြန်ပိတ်ပင်လိုက်တဲ့အတွက် အဲဒီစခန်းတွေက ဒုက္ခသည်တွေမှာ ကြီးမားတဲ့ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။  အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေဆီ ပုံမှန်ထောက်ပံ့ပေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်အရှေ့ဘက်က စစ်ရှောင်စခန်း ကို စစ်တပ်ကဗုံးကျဲလို့ ဆေးပေးခန်းပြာကျ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ဘေးရှောင်စခန်းကို  တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကျဲလို့စစ်ဘေးရှောင်ဆေးခန်းတခုမီးလောင်ပြာကျသွားပြီး စာသင်ကျောင်း အနည်းငယ်ပျက်စီးသွားတယ်လို့သိရပါတယ်။  အဲ့ဒီစစ်ရှောင်စခန်းကိုစစ်ကောင်စီက  ဖေဖော်ဝါရီ ၃ရက် မနေ့ကညနေပိုင်းမှာ လေယာဥ်နဲ့ဗုံးကျဲခဲ့တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားကပြောပါတယ်။ “ဆေးရုံတလုံးကတော့ လုံးဝကို ပြာကျသွားတာပေါ့၊ကျောင်းထိခိုက်မိတာတော့ ရှိတယ်၊နည်းနည်း ပါးပါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်နယ် အနောက်ခြမ်း တကောင်းမင်းရွာကိုစစ်တပ်က သုံးရက်အတွင်းနှစ်ကြိမ် မီးရှို့၊ပြည်သူ တဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အနောက်ခြမ်းက တကောင်းမင်းရွာကို စစ်တပ်က သုံးရက်အတွင်း နှစ်မီးရှို့ခဲ့ သလို စစ်ကြောင်းလာချိန်ထွက်ပြေးတဲ့ ပြည်သူတဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ Wetlet information network တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။  စစ်ကောင်စီဟာ လွန်ခဲ့တဲ့ တကောင်းမင်းရွာကို သုံးရက်အတွင်းနှစ်ကြိမ်မြောက်မဖြစ် ဖေဖော်ဝါရီ(၃)ရက်မနေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စီဒီအမ်ဝန်ထမ်းတွေကို ပြည်ပပို့ပေးတယ်ဆိုကာ အေဂျင်စီတွေကို စစ်ကောင်စီစစ်ဆေးနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့နိုင်ငံဝန်ထမ်းတွေကို ပြည်ပမှာအလုပ်အ ကိုင်ရအောင် ပို့ဆောင်ပေးတယ်ဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို စစ်ကောင်စီက စစ်ဆေးနေ တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။ “အခုဟာက အပြစ်ရှိတယ်ဆိုလဲအပြစ်ပေးပေါ့၊အဲ့လိုလဲမဟုတ်ဘူး၊အေဂျင်စီတွေကို အခုဟာက စစ်ဆေးနေတယ် ဆိုပြီးပိတ်ထားတော့ အလုပ်သမားရော ကျွန်တော်တို့ဘက်ကော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုင်းဒေသကြီးလေးခုနဲ့ပြည်နယ် လေးခုကမြို့နယ် လေးဆယ်ခန့်ကိုစစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်ခုခံစစ်ဆင်နွှဲနေတဲ့ စစ်ကိုင်း၊ မကွေး၊ပဲခူးတိုင်းနဲ့ ချင်းပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့မှာ စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဲဒီလိုကြေညာခံရတာမှာ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊ မကွေးတိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမှာ လက်နက်ကြီးကျည်ထိလို့ အသက်ကိုးဆယ်ဝန်းကျင် အဘွားအိုဒဏ်ရာရပြီး ဘုန်းကြီး​ကျောင်း ထိခိုက် ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့ တောပုကျေးရွာထဲကနေ အနီးတဝိုက်ရွာတွေဘက်ကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်လို့ အသက်(၈၈)နှစ်အရွယ် အဘွားအိုတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ တောပု​ကျေးရွာ​မှာရှိတဲ့ စစ်​ကောင်စီလက်​အောက်ခံ ပျူ​စောထီး​တွေက ​ဖေ​ဖော်ဝါရီ ၁ ရက်​ညပိုင်းမှာ လက်နက်ကြီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံဖြူဇရပ်မှာ အုတ်၊သဲ၊ကျောက်ကားမောင်းသူတဦးကို စစ်တပ်ကအကြောင်းမဲ့ ပစ်ခတ်လို့ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့လယ်ပိုင်းက အုတ်၊သဲ၊ကျောက်၊ ကားမောင်းနှင်လာသူတဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက အ ကြောင်းပြချက်မရှိဘဲ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရသူဟာ အသက် ၂၉ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ ပြည်တွင်းမှာသာမက ဗြိတိန်၊ ဂျာမဏီနဲ့ အမေရိကန်ရောက်မြန်မာတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးချိုင့်မြို့နယ်၊ မြတောင် လမ်းဆုံဂိတ်ကို ပကဖတွေဝင်တိုက်၊ စစ်ကူလာတဲ့တပ်ကိုပါ ကြား ဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက စစ်တပ်စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ မြတောင်လမ်းဆုံဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် မနက် ၈ နာရီလောက်မှာ ထီးချိုင့် မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးဒေါက်တာ လှမြတ်သွေး ထောင် နှစ်နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း NLD အစိုးရ အဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို စစ်ကောင်စီ က ထောင် နှစ် နှစ်အမိန့် ချလိုက်တယ် လို့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်ကောင်စီ က ဒေါက်တာလှမြတ်သွေးကို ပုဒ်မ [ဆက်လက်ဖတ်ရှုရန်]