နိုင်ငံရေး

မန္တလေးမှာကျူးကျော်လို့ဆိုကာ စစ်ကောင်စီကအိမ်ခြေငါးရာဝန်းကျင်ဘူဒိုဇာနဲ့ထိုးဖျက်နေပြန်

မတ်၊ ၂၂ အာဏာသိမ်းပြီးကတည်း မြို့ကြီးတွေမှာ ကျူးကျော်ဆိုတဲ့စွပ်စွဲချက်နဲ့ နေအိမ်နဲ့ဆိုင်ခန်းဖျက်သိမ်းဖယ်ရှားမှု တွေဆက်တိုက်လုပ်နေတဲ့စစ်ကောင်စီဟာ လက်ရှိမန္တလေးမြို့မှာ အလားတူဖယ်ရှားမှုတွေ နှစ်ရက်ဆက် လုပ် နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ကန်ကြီးကုန်းနဲ့ ဇီးအုပ်ရွာဘက်က နေအိမ်တွေကို စစ်အုပ်စုက ကျူးကျော်တွေလို့ဆိုပြီးကြိုတင်အသိပေးမှုလည်းမရှိဘဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNUနယ်မြေအတွင်း စစ်ကောင်စီက တရက်တည်းဗုံးအလုံးသုံးဆယ်နီးပါး လေကြောင်းကကြဲချ

မတ်၊ ၂၂ ပဲခူတိုင်းအရှေ့ခြမ်းအတွင်းရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီက တရက်တည်း လေကြောင်းတိုက်ခိုက်မှုကိုးကြိမ်ပြုလုပ်ကာ ဗုံး(၂၈)လုံးကြဲချခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ၊ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေထဲ မတ်လ(၂၀)ရက် ညပိုင်းမှာ အဲ့ဒီလိုဗုံးကြဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တဦး ထိခိုက်ဒဏ်ရာရ

မတ်၊ ၂၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာမှာ မနေ့မတ်လ ၂၁ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးကာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မနေ့ည ၇နာရီကျော်လောက်မှာ  ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်အကြားမှာ ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ အမှတ်(၃၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတနဲ့စမ်းချောင်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးနေ

မတ်၊ ၂၁ ရန်ကုန်မြို့ ၊သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကရဲတွေပစ်ခတ်ခံရမှုနဲ့ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းက ပစ်ခတ်သတ်ဖြတ်ခံရမှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက DNAကိုပြောပါတယ်။ စစ်ကောင်စီဘက်က အခုလိုပိုက်စိပ်တိုက်ရှာဖွေတာကို သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအ ပါအဝင် ရဲသုံးဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲနယ်က ပျူရွာတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်

မတ်၊ ၂၁ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မြောက်ပိုင်းကစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေအခြေပြုတဲ့ ဇီးဖြူကုန်းရွာကို ဒီကနေ့ မတ်လ ၂၁ရက် မနက်အစောပိုင်းမှာ ကာကွယ်ရေးတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့တုံ့ပြန်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပုလဲမြို့နယ်ဇီးဖြူကုန်းကျေးရွာမှာဒီကနေ့မနက်​လေးနာရီကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်တွေပျူစောထီးတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက်ရှစ်နာရီအချိန်မှာစစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ပုလဲနယ်အခြေ စိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကရဲဘော်ပေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီအထိနာနေလို့ အင်အားဖြည့်တင်းနေ

မတ် ၊ ၂၀ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်းက တနီးလာလဲကျေးရွာအနီးက ကရင်နီတပ်မတော် (KA) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာတဲ့အတွက် စစ်ကား (၁၀) ကျော်နဲ့ အင်းအားဖြည့်လာတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စက်သုံးဆီဆိုင်တွေမှာသုံးလအတွင်းလျှပ်စစ်ကားအားသွင်းရုံတည်ဆောက်ဖို့ စစ်ကောင်စီဖိအားပေး

မတ်၊ ၁၉ အာဏာသိမ်းစစ်ကောင်စီကရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်ကားအားသွင်းရုံတည်ဆောက်ဖို့ အခုမတ်လကစပြီးအချိန် ၃ လအတွင်း စက်သုံးဆီဆိုင်တွေအပေါ် အတင်းအကျပ် တိုက်တွန်းနေတယ်လို့ ဆီဆိုင်ရှင်အချို့ကပြောပါတယ်။ ရန်ကုန် ၊နေပြည်တော်နဲ့ရန်ကုန်-မန္တလေးအမြန်လမ်းအပေါ်စတဲ့နေရာတွေကစက်သုံးဆီဆိုင် ၃၈ ဆိုင်ကို လျှပ်စစ်ကားအားသွင်းရုံ(EV)တည်ဆောက်ဖို့စစ်ကောင်စီအမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကြောင်းထိုးခံရတဲ့ စစ်ကိုင်းမြို့နယ် ရွှေဂဲပြန်ရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ် ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့

မတ်၊ ၁၈ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကိုင်းမြို့နယ် ရွှေဂဲပြန်ရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ရွာခံအမျိုးသမီးတဦးရဲ့အလောင်းကို ပြန်တွေ့ခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဂဲပြန်ကျေးရွာကို စစ်အုပ်စုက မနေ့က မတ်လ ၁၇ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ ဘုရားနဲ့ ဘုရားသိမ်ဆောက်လုပ်ဖို့လှူထားတဲ့ သံခြောက်တန်ကျော်ကို စစ်သားတွေက ခိုးယူရောင်း စားတယ်လို့ဆို

မတ်၊ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊နွားရုံတောင်ကျေးရွာမှာ ဘုရားနဲ့ဘုရားသိမ်ဆောက်ဖို့ အလှူရှင်တဦးကလှူ ထားတဲ့ သံခြောက်တန်ကျော်ကို အဲ့ဒီရွာအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက ခိုးယူရောင်းစား လိုက်ကြတယ်လို့ မျက်မြင်ဒေသခံတွေက DNA ကိုပြောပါတယ်။ “(စစ်ဘေးရှောင်)မပြေးရခင်က သိမ်ဆောက်ဖို့အတွက် ရန်ကုန်က အလှူရှင်တယောက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးတိုင်းအရှေ့ခြမ်း KNU တပ်မဟာ(၃)နယ်မြေထဲ စစ်ရှောင်တွေဆက်တိုက်တိုးနေ

မတ်၊ ၁၈ တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ် မဟာ(၃)အခြေစိုက်ရာ ပဲခူးတိုင်းအရှေ့ခြမ်းအတွင်း စစ်ဘေးရှောင်သူဦးရေ ဆက်တိုက်မြင့်တက်နေတယ်လို့ ဒေ သတွင်း သတင်းရင်းမြစ်တွေနဲ့ KNU ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ပဲခူးတိုင်း ညောင်းလေးပင်၊ရှေတာရှည်၊ကျောက်ကြီး စတဲ့ ဒေသတွေမှာ [ဆက်လက်ဖတ်ရှုရန်]