No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကုတ်မှာ စစ်တပ်က လေကြောင်းဗုံးကြဲလို့ စစ်ဘေးရှောင် နှစ်ဦးသေ၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ

ဒီဇင်ဘာ၊ ၂ တောင်ကုတ်မြို့နယ် ခရိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အရပ်သား နှစ်ဦး သေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ခရိုင်ရွာထဲကို [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

AAထိန်းချုပ် မြို့နှစ်မြို့ကိုစစ် ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး၊ သံဃာတပါးအပါ ငါးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၁၀ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲမြို့ကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၃ နာရီကျော်မှာ အမှတ်၈ရပ်ကွက်နဲ့ အံတော်တံတားအနီးကို လေကြောင်းကဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်မှာ စစ်ကောင်စီက ရှမ်းမြောက်မြို့နယ်လေးခုနဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့ နယ်တို့ကို ဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ၊ ၂၈ အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်အထိနာစေပြီး မြို့တွေအများအပြား စတင်လက်လွှတ်ရစေတဲ့ ၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်တဲ့ မနေ့က စစ်ကောင်စီက ရှမ်းမြောက်မြို့နယ်လေးခုနဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တို့ မှာ မနက်အစောပိုင်းကနေ ညပိုင်းအထိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ မိသားစုဝင်သုံးဦးသေဆုံး

အောက်တိုဘာ၊ ၁၉ တအာင်းတပ် TNLA နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးလက်ရှိအထိ စစ်ကောင်စီလက်လွှတ်ထားရတဲ့နောင်ချိုမြို့ပေါ်ကို ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးသွားတယ်လို့သိရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆီမီထွန်းပူဇော်လေ့ရှိတဲ့ သီ တင်းကျွတ်လပြည့်ညက ဗုံးကြဲမှုအပြီး သုံးရက်အတွင်းနှစ်ကြိမ်မြောက်အဖြစ် ဒီကနေ့မနက်ငါးနာရီကျော်အချိန်လေကြောင်းတိုက်ခိုက်မှုမှာ နောင်ချိုမြို့ တောင်ရပ်ကွက်ထဲက ဦးကျော်တို့မိသားစုနေအိမ်ပေါ်ကျရောက်ပေါက်ကွဲတာလို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

AAထိန်းချုပ် ကျောက်တော်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၀ဦးထက်မနည်းထိခိုက်သေဆုံး

အောက်တိုဘာ၊ ၁၀ AAထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ဒီကနေ့အောက်တိုဘာလ၁၀ရက်ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအရပ်သား ၈ဦးထက်မနည်းသေဆုံးခဲ့ပြီး ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။ ဒီကနေ့ညနေ၄နာရီကျော်မှာ ကျောက်တော်မြို့ မြို့မစျေး၊အလယ်တန်းကျောင်းဝန်းကျင်နဲ့ပြည်တော်သာရပ်ကွက်အမှုန့်ကြိတ်စက်အနီးကိုလေကြောင်းကနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။ “ဘယ်လောက်အထိပြင်းလဲဆိုရင် ဒုံးနဲ့ပစ်လိုက်တော့ လေခွင်းတာလေ ဘေးကသွပ်မိုးတွေအကုန်လန်သွားတာ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သံတွဲမှာ စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အရပ်သား ၁၄ ဦးသေ၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ၊ ရခိုင်မှာစစ်တပ်လေကြောင်းတိုက်လိုက်လို့သုံးရက်အတွင်း ၁၈ ဦး သေ၃၇ ဦးထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ၊ ၂၆ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ထဲကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေအပါ၀င် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ AA နဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သိမ်းပိုက်ခံထားရတဲ့ မောင်တော နခခ(၂)စခန်းကို စစ်ကောင်စီဗုံးပြန်ကြဲလို့ စစ်သုံ့ပန်းတွေအပါအဝင်အကျဉ်း သားငါးဆယ်ကျော် သေဆုံးတယ်လို့ AA ပြော

စက်တင်ဘာ၊ ၁၀ အာရက္ခတပ်တော် AA ရဲ့ မောင်တောဒေသထိုးစစ်တွေအတွင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ မောင်တောမြို့လေးမိုင် နခခ(၂)စခန်းကို စစ်ကောင်စီက မနေ့ညကိုးနာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက် မှုနှစ်ကြိမ်လုပ်ခဲ့တာကြောင့် အဲ့ဒီစခန်းထဲ ထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းတွေအပါအဝင်အကျဉ်းသား ငါးဆယ်ကျော် သေဆုံးကာ ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

လားရှိုးကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲ၊မြို့ခံ တဒါဇင်ထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ၊ ၉  ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ဆယ်နာရီခွဲလောက်မှာ လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။  “ထွေအုပ်ရုံးမှာ နှစ်လုံးကြဲတယ်တဲ့၊ ဗျူဟာလမ်းမှာက တလုံး လမ်းပေါ်ကျတာ၊ အဲတလုံးက မကွဲဘူးကြားတယ်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
Uncategorized

မြိုင်မှာ စစ်ကောင်စီဗုံးကြဲလို့ ဒေသခံငါးဦးသေဆုံးပြန်၊ နှစ်ဆယ့်လေးနာရီအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် သေဆုံးသူ နှစ်ဆယ့်ငါးဦးထက်မနည်းရှိလာ

စက်တင်ဘာ၊ ၆ မကွေးတိုင်းမြိုင်မြို့မြောက်ဘက် မြိုင်နဲ့စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အစပ်က လက်ယက်မကျေးရွာထဲကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်ငါးဦးသေဆုံးကာ ငါးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ စစ်ကောင်စီကတိုက်ပွဲမရှိဘဲ လက်ယက်မကျေးရွာစာသင်ကျောင်းနဲ့ ရွာထဲက နေအိမ်တချို့ကို ပစ်မှတ်ထားကာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် သုံးပတ်အတွင်း အရပ်သား တရာ့လေးဆယ်ကျော်သေဆုံး

Photo – MNDAA/TNLA ဇူလိုင်၊ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးပြန်စတင်တဲ့ဇွန်လ ၂၅ရက်ကနေ ဇူလိုင် ၁၈ရက်အထိ သုံးပတ်အ တွင်း မြို့နယ် ခုနစ်ခုက အရပ်သား ၁၄၁ဦးသေဆုံးပြီး တရာထက်မနည်း ဒဏ်ရာတွေရခဲ့တယ်လို့ ရှမ်းမြောက်အ [ဆက်လက်ဖတ်ရှုရန်]